အမေရိကန်က ပြိုင်ဘက်နိုင်ငံများရှိ ဒုံးပစ်စခန်း များကို နှစ်နာရီအတွင်းဖျက်ဆီးနိုင်ဟုဆို

အမေရိကန်က ပြိုင်ဘက်နိုင်ငံများရှိ ဒုံးပစ်စခန်း များကို နှစ်နာရီအတွင်းဖျက်ဆီးနိုင်ဟုဆို

အမေရိကန်နိုင်ငံနှင့်မဟာမိတ်များက အမှန်တကယ်လိုအပ်လာသည့်အချိန်တွင် ပြိုင်ဘက်နိုင်ငံများရှိ နျူကလီးယားဒုံးကျည် ပစ်လွှတ်စခန်းများကို နှစ်နာရီအတွင်းဖျက် ဆီးနိုင်သည်ဟု သုတေသန စာတမ်း တစ်ခု တွင်ဖော်ပြထားသည်။

ဒန်ပလက်နှင့် မန်နျူယယ်ဂါလီလီယိုတို့ ရေးသားထားသော ‘Masters of the Air: Strategic stability and conventional strikes’ စာတမ်းတွင် ယခုကဲ့သို့ဖော်ပြ ထားခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်နှင့် မဟာမိတ်တို့၏ ယင်းကဲ့သို့သော စွမ်းဆောင်ရည်သည် လက်နက်အပြိုင် တပ်ဆင်မှုဆီသို့ ဦးတည် စေနိုင်ကြောင်း စာတမ်းတွင် ဆက်လက် ရေးသားထားသည်။

သုတေသီများအနေဖြင့် လေ့လာမှုများလုပ်ရာ၌ အမေရိကန်နှင့် မဟာမိတ်တို့၏ နျူကလီးယား မဟုတ်သော သမားရိုးကျ လက်နက်များဖြင့် ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်နိုင်ခြေအပေါ်    အဓိကထား လေ့လာ သုံးသပ်ထားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်နှင့် မဟာမိတ်များသည် ကမ္ဘာတစ်ဝန်း၌ ၎င်းတို့၏ ဒုံးပစ်စခန်းများကို ဖြန့်ကြက်ချထား လျက်ရှိသည့်အပြင် ဝေဟင်နှင့် ရေပြင်တွင်လည်း အဆင့်မြင့်စစ်လက်နက်ပစ္စည်းများ ဖြင့် လွှမ်းမိုးထားနိုင်ကြောင်း သုတေသီများက သုံးသပ်ထားသည်။           

Ref: IE K.H

Dates: 
Saturday, September 7, 2024 - 11:55