Kia ၏ EV9 GT ကို လာမည့်နှစ်ဆန်းတွင် လမ်းမများပေါ်၌မြင်တွေ့ရမည်
Kia ကုမ္ပဏီက နောက်ဆုံး ဖန်တီးထားသောလက်ရာဖြစ်သည့် EV9 GT ကို လာမည့်နှစ် ဇန်နဝါရီလတွင် လမ်းမများပေါ်၌ မြင်တွေ့ရတော့ မည်ဖြစ်သည်။
EV9 သည် Kia ကုမ္ပဏီ၏ ပထမဆုံး သော လျှပ်စစ်စွမ်းအင်သုံး SUV အမျိုးအစားဖြစ်ပြီး တောင် ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သည့် နွေရာသီတွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
EV9 GT မှာမူ လေခွင်းအားပိုမိုကောင်း မွန်စေရေးအတွက် အဆင့်မြှင့်တင်ထား သည့်အပြင် စွမ်းဆောင် ရည်ပိုင်းတွင်လည်း မြင်းကောင်ရေ ၅၇၆ ကောင်အားရှိသည့် မော်တာနှစ်လုံးကို အသုံးပြုပေးထားသော ကြောင့် ယနေ့အချိန်အထိ Kia ၏စွမ်းရည် မြင့် SUV ကားတစ်စီးအဖြစ်သို့ရောက်ရှိ လာခြင်းဖြစ်သည်။
ဈေးနှုန်းပိုင်းတွင်လည်း EV9 GT-Line မှာ ယူရို ၆၆၆၀၀ မှစတင်ပြီး EV9 GT မှာ ယူရို ၇၂၀၀၀ မှစတင်မည်ဖြစ်သည်။ ထိုပမာဏသည် ၎င်း၏ပြိုင်ဘက် SUV ဖြစ်သော 2025 Porsche Cayenne Turbo E-Hybrid ၏ ဈေးနှုန်းထက် များစွာနည်းပါးနေသေးသည်။
လက်ရှိအချိန်တွင် Kia ကားများ၏ ရောင်းအားသည် စံချိန်တင်မြင့်တက်လာ လျက်ရှိပြီး အထူးသဖြင့် SUV များနှင့် EV ကားများကို ဝယ်လိုအားများလာခြင်း ကြောင့်ဖြစ်သည်။
Ref: IE K.H