တက်စလာ၏အပြည့်အဝမောင်းသူမဲ့စနစ် ဥရောပနှင့်တရုတ်တွင်သုံးနိုင်မည်

တက်စလာ၏အပြည့်အဝမောင်းသူမဲ့စနစ် ဥရောပနှင့်တရုတ်တွင်သုံးနိုင်မည်

တက်စလာ၏ အပြည့်အဝမောင်းသူမဲ့ စနစ်ကို ဥရောပနှင့်တရုတ်နိုင်ငံတို့တွင် မကြာမီအသုံးပြုနိုင် တော့မည်ဟု ကုမ္ပဏီ ကထုတ်ပြန်ထားသည်။ ထိုစနစ်ကို မူလက ယခုနှစ်ကုန်တွင် အဆိုပါ ဈေးကွက် များ၌ ဖြန့်ချိမည်ဖြစ်သော်လည်း လာမည့်နှစ် ပထမသုံးလပတ်မှသာ ဖြန့်ချိသွားမည်ဟု အတည်ပြု ထားသည်။

ထိုစနစ်ကို အသုံးပြုနိုင်စေရေးအတွက် ဥရောပနှင့်တရုတ်နိုင်ငံတို့မှ ခွင့်ပြုချက်များ ရရှိထားပြီး ဖြစ်ကြောင်း အီလွန်မက်က ပြောသည်။

ယခုကဲ့သို့ အပြည့်အဝမောင်းသူမဲ့စနစ် ကို အသုံးပြုခွင့်ရရှိခြင်းသည် တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်း တက်စလာ၏ ရောင်းအားကိုသိသိသာသာ တိုးတက်စေနိုင်မည် ဖြစ်သည်။

တက်စလာက အဆိုပါစနစ်ကို ယွမ် ၆၄၀၀၀ ဖြင့်ရောင်းချသွားမည်ဖြစ်သော်လည်း တရုတ်နိုင်ငံ၌ အခက်အခဲအချို့နှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။    

Ref: IE K.H

Dates: 
Saturday, September 7, 2024 - 12:00