မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅)တွင် ဧရာဝတီအသင်းက မြဝတီအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅)တွင် ဧရာဝတီအသင်းက မြဝတီအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

ရန်ကုန်   စက်တင်ဘာ   ၆

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ဧရာဝတီအသင်းက မြဝတီအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅)အဖြစ် ယနေ့ညနေ ၃နာရီခွဲတွင် စလင်းအားကစားကွင်း၌   ဧရာဝတီအသင်းနှင့် မြဝတီအသင်းတို့ကစားခဲ့ရာ ဧရာဝတီအသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဧရာဝတီ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၁မိနစ်တွင် စန်းသော်သော်၊ ပွဲချိန် ၄၅ မိနစ်တွင် နော်ထက်ထက်ဝေ၊ ပွဲချိန် ၅၈ မိနစ်တွင် ဖြူဖြူကျော်တို့က သွင်းယူပေးနိုင်ခဲ့သည်။

အဆိုပါ ပွဲစဉ်အတွက် အကောင်းဆုံးကစားသမားဆုကို ဧရာဝတီအသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့ပြီး သွင်းဂိုး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှူး စန်းသော်သော်က ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅)အဖြစ် ယနေ့ညနေ ၃နာရီခွဲတွင် ပဒုမ္မာအားကစားကွင်း၌ ကစားခဲ့သည့် သစ္စာအားမာန်အသင်းနှင့် YREO အသင်းတို့ပွဲစဉ်တွင် ပွဲချိန် မိနစ် ၃၀ထိ သစ္စာအားမာန် အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်  ဦးဆောင်လျက်ရှိနေသော်လည်း မိုးသည်းထန်စွာရွာသွန်းပြီး ဆက်လက် ကစားရန် မဖြစ်နိုင်သည့်အတွက် ပွဲကိုရွှေ့ဆိုင်းခဲ့ရပြီး စက်တင်ဘာလ ၇ရက်တွင် ရပ်နားခဲ့သည့် ပွဲချိန်မှ စတင်ပြီး အဆိုပါရလဒ်အတိုင်းဆက်လက်ကစားသွားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅)အဖြစ် စက်တင်ဘာလ ၇ ရက် (ယနေ့)ညနေ  ၃နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။                        

စည်သူအောင်

Dates: 
Saturday, September 7, 2024 - 15:22