ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

နေပြည်တော်   စက်တင်ဘာ   ၇

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသော ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ Woman Team Regu ပြိုင်ပွဲတွင်မြန်မာပိုက်ကျော်ခြင်းအသင်း ကြေးတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် တတိယ‌ကြေးတံဆိပ်ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ ဗီယက်နမ်အသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် ကိုရီးယားအသင်းတို့က ပူးတွဲတတိယ‌ကြေးတံဆိပ်ဆုတို့ အသီးသီးရရှိခဲ့သည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာလ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာရှဒေသတွင်းနိုင်ငံများအပြင် အခြား တိုက်များမှ နိုင်ငံများလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ နည်းပြအုပ်ချုပ်ခြောက်ဦး၊  အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦးတို့သည် အမျိုးသားပြိုင်ပွဲများအဖြစ် (Team, Quadrant, Mixregu, Mixquadrant) နှင့် အမျိုးသမီးပြိုင်ပွဲများအဖြစ် (Team, Quadrant,Hoop) စသည့် ပြိုင်ပွဲ  အမျိုးအစား ခုနစ်မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာလ  ၇  ရက် ညနေပိုင်း ပွဲစဉ်များအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ် လေးခုဆွတ်ခူး ရရှိထားပြီဖြစ်ကြောင်း သိရသည်။                             

(၅၀၀)

Dates: 
Sunday, September 8, 2024 - 07:25