စက်တင်ဘာလပထမပတ် တစ်ပတ်တာ ကာလအတွင်း ငွေကျပ် သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ တစ်သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့
ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်စတော့အိတ်ချိန်း၌ စက်တင်ဘာလပထမပတ် တစ်ပတ်တာကာလအတွင်း ငွေကျပ် သိန်း၂၄၀၀ ကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ တစ်သိန်း ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင် ကုမ္ပဏီရှစ်ခုဖြင့် နေ့စဉ် စတော့ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်နေပြီး စက်တင်ဘာလ ၂ ရက်မှ ၆ ရက်အတွင်း စုစုပေါင်း ငွေကျပ် ၂၄၂၃၆၁၁၀၀တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေ ၁၀၆၀၁၈ စောင် အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့သည်။
ထိုသို့ အရောင်းအဝယ်ပြုလုပ်ရာတွင် FMI ကုမ္ပဏီမှ ငွေကျပ် ၂၉၁၄၁၈၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေ ၃၂၇၄ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
MTSH ကုမ္ပဏီမှ ငွေကျပ် ၃၀၅၁၁၅၅၀တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေ ၈၈၁၄ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
MCB ကုမ္ပဏီမှ ငွေကျပ် ၇၀၇၂၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၇၉ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
FPB ကုမ္ပဏီမှ ငွေကျပ် ၁၃၈၇၀၁၉၅၀ တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေ ၇၇၄၄၀ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
TMH ကုမ္ပဏီမှ ငွေကျပ် ၄၅၈၆၄၀၀တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၁၆၃၈ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
EFR ကုမ္ပဏီမှ ငွေကျပ် ၁၁၁၆၃၅၀၀တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၆၅၅၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။
AMATA ကုမ္ပဏီမှ ငွေကျပ် ၁၂၃၂၉၀၀တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၂၆၈ စောင် အရောင်းအဝယ်ဖြစ်ခဲ့သည်။
MAEX ကုမ္ပဏီမှ ငွေကျပ်၂၆၃၁၅၈၀၀ တန်ဖိုးရှိ စတော့ရှယ်ယာ အစောင်ရေ ၇၉၅၅ စောင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။