ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁၀၀၀၀ ကျော်တင်ပို့ထား

 

ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁၀၀၀၀ ကျော်တင်ပို့ထား

 

ရန်ကုန်  စက်တင်ဘာ  ၈

    ယခုဘဏ္ဍာနှစ်      ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁၀၀၀၀  ကျော်   တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ စာရင်းများအရ သိရသည်။

၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ်   ဧပြီလမှ  ဩဂုတ်လကုန်အထိ   ငါးလတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၁၀၀၀၀  ကျော်   တင်ပို့ခဲ့ခြင်းဖြစ်ကာ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ    အမေရိကန် ဒေါ်လာ ၃၅၃ သန်းကျော် ရရှိခဲ့သည်။

ထိုသို့တင်ပို့ရာတွင်  ဆန်တန်ချိန် သုံး သိန်းခြောက်သောင်းကျော်နှင့် ဆန်ကွဲတန်ချိန် သုံးသိန်းငါးသောင်းကျော် တင်ပို့ခဲ့ခြင်းဖြစ်ပြီး    ပင်လယ်ရေကြောင်းမှ  တင်ပို့ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်အများဆုံး တင်ပို့ခဲ့ပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ခဲ့ပြီး   အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

 ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော် တင်ပို့နိုင်ရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ရည်မှန်းထားကြောင်း သိရသည်။

Dates: 
Monday, September 9, 2024 - 07:04