မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

စစ်ကိုင်း   စက်တင်ဘာ   ၈

      စစ်ကိုင်းတိုင်းဒေသကြီး၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ  ၈ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေး တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲ ပြီးစီးသွားသည့်အခါ ဗဟိုအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် (၂၅) ကြိမ်မြောက်   ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင်  အခြေခံပညာအဆင့်(၁၀-၁၅) အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းအက၊ အခြေခံပညာအဆင့်(၁၅-၂၀) အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းအက၊ အဆင့်မြင့်ပညာအမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းအက၊ အဆိုပြိုင်ပွဲတွင် အခြေခံပညာ(၁၀-၁၅) အမျိုးသား၊ အမျိုးသမီး၊ အခြေခံပညာ(၁၅-၂၀) အမျိုးသား၊  အမျိုးသမီး၊ အဆင့်မြင့်ပညာ အမျိုးသား၊ အမျိုးသမီး၊  ဝါသနာရှင်ပထမတန်း၊ ဒုတိယတန်း  အမျိုးသား၊ အမျိုးသမီး၊ မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အခြေခံပညာ(၁၀-၁၅) အမျိုးသား၊ အမျိုးသမီး၊ အခြေခံပညာ(၁၅-၂၀) အမျိုးသား၊ အမျိုးသမီး၊ အဆင့်မြင့်ပညာ အမျိုးသား၊  အမျိုးသမီး၊ ဝါသနာရှင်ပထမတန်း၊ ဒုတိယတန်းအမျိုးသား၊ အမျိုးသမီး၊ အမျိုးဂုဏ်/ ဇာတိဂုဏ်ပြိုင်ပွဲတွင် အဆင့်မြင့် ပညာ အမျိုးသား၊ အမျိုးသမီး၊ ဝါသနာရှင် ဒုတိယတန်း အမျိုးသား၊ အမျိုးသမီး၊ အတီးပြိုင်ပွဲတွင် ဆိုင်းတစ်ဦးချင်း၊ စောင်း၊ ပတ္တလား၊ နှဲ၊ စန္ဒရား၊ တယော၊ ကွက်စိပ်ပြိုင်ပွဲ၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ကဗျာလွတ်အက၊ ကျေးလက်ရိုးရာ အကပြိုင်ပွဲများနှင့် အရေးပြိုင်ပွဲများ ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲကို  စက်တင်ဘာလ  ၈ ရက်မှ ၁၂  ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲဝင်  ၄၂  ဦး၊ အကပြိုင်ပွဲဝင်  ၁၈  ဦး၊ အရေးပြိုင်ပွဲဝင် ခြောက်ဦး၊ အတီး ပြိုင်ပွဲဝင်  ၇၀ ဦး၊  ကွက်စိပ်ပြိုင်ပွဲဝင် တစ်ဦး၊ ကဗျာလွတ် ၃၆ ဦး၊ ကျေးလက်ရိုးရာအက ၁၈ ဦး စုစုပေါင်းပြိုင်ပွဲဝင်  ၁၉၁ ဦးပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း  သိရသည်။ 

Dates: 
Monday, September 9, 2024 - 09:29