၁၉၆၂ ခုနှစ်နောက်ပိုင်း ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးသွင်းယူပြီး နှစ်ပွဲဆက် ရှုံးနိမ့်သည့် မှတ်တမ်းဆိုးကို ပြင်သစ်အသင်း ပြန်လည်ရရှိ
ပဲရစ် စက်တင်ဘာ ၈
ပြင်သစ်အသင်းသည် ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ်ကစားသည့် အီတလီအသင်းနှင့် ပွဲစဉ်တွင် ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အသင်းသမိုင်း တစ်လျှောက် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပြိုင်ဘက် အသင်းကို ဦးဆောင်ဂိုး သွင်းယူနိုင်ပြီးနောက် နှစ်ပွဲဆက်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
ဥရောပနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့သည့် ပြင်သစ်အသင်းက အီတလီအသင်းကို ၃ ဂိုး-၁ ဂိုး ဖြင့် ဂိုးပြတ်ရှုံးနိမ့်သည့်ပွဲစဉ်၌ ပြင်သစ်အသင်းသည် ပွဲချိန် ၁၂ စက္ကန့်တွင် သွင်းယူသည့် ဘာကိုလာ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် မိနစ် ၃၀ တွင် ဒီမာကို၊ ပွဲချိန် ၅၁ မိနစ်တွင် ဖရာတီစီနှင့် ပွဲချိန် ၇၄ မိနစ်တွင် ရာစပါဒိုရီတို့၏ သွင်းဂိုးများကြောင့် ၃ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး သွင်းယူကာ နှစ်ပွဲဆက်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးကို ရရှိခဲ့ခြင်းဖြစ်သည်။
ပြင်သစ်အသင်းသည် ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားသည့် စပိန်အသင်း နှင့်ပွဲစဉ်၌ ပွဲချိန် ကိုးမိနစ်တွင်ပင် မူအာနီက ပြင်သစ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သော်လည်း ပွဲချိန် ၂၁ မိနစ်တွင် ယာမယ်က ချေပဂိုးနှင့် ပွဲချိန် ၂၅ မိနစ်တွင် အိုလ်မိုက စပိန်အသင်းအတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ၂ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး အီတလီအသင်းနှင့် ပွဲစဉ်တွင်လည်း ဦးဆောင်ဂိုး သွင်းယူပြီးမှ ရှုံးနိမ့်သည့် အတွက် ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး သွင်းယူနိုင်ပြီး နှစ်ပွဲဆက်ရှုံးနိမ့်ခြင်းဖြစ်သည်။
ပြင်သစ်အသင်းသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး သွင်းယူပြီး နှစ်ပွဲဆက်ရှုံးနိမ့်ခြင်းမရှိဘဲ ယခုအခါမှသာ ပထမဆုံး တွေ့ကြုံခဲ့ခြင်းဖြစ်သည်။
ပြင်သစ်အသင်းအနေဖြင့် အီတလီအသင်းနှင့် ပွဲစဉ်တွင် ရှုံးနိမ့်ပြီး မှတ်တမ်းဆိုးကိုရရှိခဲ့သော်လည်း ပြင်သစ်အသင်းအတွက် ပွဲချိန် ၁၂ စက္ကန့်တွင် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ဘာကိုလာသည် ပြင်သစ်အသင်း သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုး ရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကာ အသင်းနှင့်အတူ ခြောက်ပွဲကစားပြီး ပထမဆုံး သွင်းဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။