ဝက်စ်ဟမ်းအသင်း ကွင်းလယ်ကစားသမားပါကွေတာ လောင်းကစားဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက် ခဲ့သည့်အတွက် ၁၀ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရ
လန်ဒန်၊ ဘောလုံး
ဝက်စ်ဟမ်းအသင်း ကွင်းလယ်ကစားသမား ပါကွေတာသည် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားသည့် လောင်းကစားဆိုင်ရာစည်းမျဉ်းများ ချိုးဖောက်ခဲ့သည့်အတွက် စွဲချက်တင်ခံထားရပြီး ပြစ်မှုထင်ရှားပါက ၁၀ နှစ် ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ပါကွေတာသည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့၌ လက်စတာအသင်း၊ အက်စ်တွန်ဗီလာအသင်း၊ လိဒ် အသင်းနှင့် ဘုန်းမောက်အသင်းတို့နှင့် ကစားခဲ့သည့် ပွဲစဉ်များတွင် ရည်ရွယ်ချက်ရှိရှိဖြင့် အဝါကတ် ပြသခံရအောင် လုပ်ဆောင်ခဲ့ပြီး လောင်းကစားမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ် ပြီးနောက် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ၎င်းကိုလောင်းကစားဆိုင်ရာ စည်းမျဉ်းများ ချိုးဖောက်မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမား တိုနယ်လီကို လောင်းကစားမှု ကျူးလွန်ခဲ့သည့်အတွက် ရှစ်လပွဲပယ်ချမှတ်ခဲ့သကဲ့သို့ ရီဒင်းအသင်း ကစားသမား ဟောင်း ကိုင်နန်အိုင်ဆက်ကိုလည်း လောင်းကစားမှုတွင်ပါဝင်ပတ်သက် ခဲ့သည့်အတွက် ၁၀ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကွင်းလယ်ကစားသမား ပါကွေတာအနေဖြင့် ပြစ်မှုထင်ရှားမည်ဆိုပါက ကာလရှည်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိသော်လည်း ပါကွေတာက ငြင်းဆိုထားကြောင်း သိရသည်။
Ref;Dailymail