တပ်မတော်ဆေးတက္ကသိုလ်(၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၁

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၁) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နီလင်းအောင်၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးကြီး ခင်အောင်ထွန်း၊  တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များနှင့် ဘွဲ့ရရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့်ပညာရေးအဖွဲ့ဝင် များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းကဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ ပါမောက္ခချုပ်က ဆေးပညာဘွဲ့ ၄၄ ဦး၊ သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ ခြောက်ဦး၊ စုစုပေါင်း ၅၀ ဦးတို့အား ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်ကဘွဲ့ရသူများအား ဘွဲ့များနှင့် လျော် ညီသော အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကိုဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီးနောက် အခမ်းအနားကိုရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ယနေ့အချိန်အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ ၂၁၃၆ ဦး၊ ဆေးလက်တွေ့ နှင့်ဆေးလက်တွေ့အခြေခံပါရဂူဘွဲ့ ၁၃၈ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၀၇ ဦး၊ ဆေးပညာဘွဲ့လွန် ဒီပလိုမာ ၁၈၉ ဦးတို့အား ဘွဲ့များပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ လက်ရှိဆေးပညာမဟာသိပ္ပံဘွဲ့လွန် သင်တန်း အမှတ် စဉ်(၂၅)တွင် သင်တန်းသားအရာရှိခြောက်ဦး၊ အမှတ်စဉ်(၂၆)တွင် သင်တန်းသားအရာရှိ ၁၃၁ ဦး၊ အမှတ်စဉ်(၂၇) တွင် သင်တန်းသားအရာရှိ ၂၀၇ ဦး၊  အမှတ်စဉ်(၂၈)တွင် သင်တန်းသား ၂၃၇ ဦး၊ စုစုပေါင်း ဘွဲ့လွန်သင်တန်းသား အရာရှိ ၅၈၁ ဦး သင်တန်းတက်ရောက်နေဆဲဖြစ်ကြောင်း သည်။

အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းများရရှိခဲ့သည့် ပညာရည်ထူးချွန်ဆုအဆင့်များ၊ ဂုဏ်ထူး များသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေးခဲ့ခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး) စသည့်တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့်အညီ ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်၏ သင်ရိုးညွှန်း တမ်းများကိုလည်း အခြားဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းရေးဆွဲထားရှိပြီး ဆေးပညာသင်ကြားရေးဆိုင်ရာ သင်ရိုး ညွှန်းတမ်းအရ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ အထူးအောင်သတ်မှတ်ခြင်းနှင့် ဂုဏ်ထူးပေးခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။