၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

 

၂၀၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

 

ရန်ကုန်  စက်တင်ဘာ  ၉

      ရန်ကုန်တိုင်းဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်  မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က မရမ်းကုန်းမြို့နယ် မြန်မာကွန်ဗင်းရှင်း စင်တာ(MCC)၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဂုဏ်ပြုသည့် “ငွေရတု တိုင်၊ ရွှေဆုပိုင်သည့်၊ တိုင်းရန်ကုန်” တေး သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ခရိုင် အလိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြသည့် မှတ်တမ်း  Video Clip အား ပြသသည်။

၎င်းနောက် ပြိုင်ပွဲအား ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊  လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်၊ အဆို၊ အက ၊ အရေး၊ အတီးပြိုင်ပွဲများ၏  ဘာသာရပ်အလိုက် အကဲဖြတ်ပညာရှင်များနှင့် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

ထို့နောက်(ရုပ်သေးနှင့် လူနှစ်ပါးသွား အက) စင်တော်ပြိုင်အကဖြင့် လည်းကောင်း၊ အဆို၊ အကများဖြင့်လည်းကောင်း၊  အင်းဝ ခေတ်ယိမ်းအကဖြင့် လည်းကောင်း ဖျော်ဖြေ တင်ဆက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ဖျော်ဖြေကြသော အဖွဲ့ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ပြိုင်ပွဲ ဘာသာရပ်အလိုက် ဒိုင်အဖွဲ့ဝင်များဖြစ်သည့် အကဲဖြတ်ပညာရှင်များ၊  ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း  သိရသည်။  

Dates: 
Tuesday, September 10, 2024 - 06:13