နှစ်ပေါင်း ၄၅ သန်းရှိ မျိုးသုဉ်း သစ်ကြားသီးများကို အာတိတ်ကျွန်း တစ်ခုမှတွေ့ရှိ

 

နှစ်ပေါင်း ၄၅ သန်းရှိ မျိုးသုဉ်း သစ်ကြားသီးများကို အာတိတ်ကျွန်း တစ်ခုမှတွေ့ရှိ

 

    သုတေသနပညာရှင်များသည် ယနေ့တွင် မျိုးသုဉ်းသွားပြီဖြစ်သော နှစ်ပေါင်း ၄၅   သန်းသက်တမ်းရှိ  ရှေးဟောင်းသစ်ကြားသီးများကို   အာတိတ်စက်ဝိုင်း ပေါ်ရှိ ကျွန်းတစ်ခုမှ တွေ့ရှိသည်။

အဆိုပါ သစ်ကြားသီးများကို သက်ရှိ အားလုံးနီးပါးကင်းမဲ့သည့် အေဇယ်ဟေး ဘာ့ အမည်ရှိ ရေခဲပြင်ကန္တာရမှ တွေ့ရှိခြင်း ဖြစ်သည်။ ထိုသို့တွေ့ရှိခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၄၅ သန်းတွင် ယင်းနေရာ က အာတိတ်သမုဒ္ဒရာ၏ ကမ်းရိုးတန်းရှိ မိုးသစ်တောအဖြစ် တည်ရှိခဲ့ဖွယ်ရှိသည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။

ပုံမှန်အားဖြင့်ဆိုပါက ကျောက်ဖြစ်ရုပ် ကြွင်းများသည် ပုံသဏ္ဌာန်အားဖြင့် ပြောင်းလဲ ဖြစ်ပေါ်ခြင်း ဖြစ်သော်လည်း  ယခုမူသစ်ကြားသီးကိုသာမက အခြားအပင်များနှင့် အရွက်များကိုပါ ပုံစံမပျက် တည်ရှိနေသည်ကို     တွေ့ရခြင်း ဖြစ်သောကြောင့် အအေးဓာတ်၏ အာနိသင်သက်ရောက်မှုကို ထင်ရှားစွာမြင်တွေ့ရသည်။

ထို့ပြင် ယခုသစ်ကြားသီးများကို တွေ့ရှိရာနေရာသည် ပုံမှန်အားဖြင့် သစ်ကြားသီး များကို မြင်တွေ့ရလေ့ရှိသော နေရာထက် မြောက်ပိုင်းစွန်း ပိုကျသည့်နေရာမှတွေ့ရှိ ရခြင်းဖြစ်သောကြောင့် ထိုသစ်သီးများ၏ အကြောင်းရင်းကိုသာမက    ပထဝီမြေမျက်နှာပြင် အခြေအနေများကိုပါ  ပိုမိုသိရှိခွင့်ရလိုက်သည်။

Dates: 
Tuesday, September 10, 2024 - 09:33