အီလွန်မက်က အင်္ဂါဂြိုဟ်သို့ လူစေလွှတ်မည့် အစီအစဉ်ကို ကြေညာ

 

အီလွန်မက်က အင်္ဂါဂြိုဟ်သို့ လူစေလွှတ်မည့် အစီအစဉ်ကို ကြေညာ

 

    ကမ္ဘာ့သူဌေးကြီး တစ်ဦးဖြစ်သည့် အီလွန်မက်က အင်္ဂါဂြိုဟ်ပေါ်သို့ လူစေလွှတ် မည့်အစီအစဉ်ကို ထုတ်ပြန် ကြေညာလိုက်ပြီဖြစ်သည်။ ၎င်း၏ SpaceX ကုမ္ပဏီက စေလွှတ်မည့် လူမဲ့အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ပါက လေးနှစ်အတွင်းမှာပင် ထိုဂြိုဟ်ပေါ်သို့ လူများကို စေလွှတ်သွားမည်ဖြစ်ကြောင်း  အီလွန်မက်က    တရားဝင် ထုတ်ဖော်ပြောလာခြင်းဖြစ်သည်။

ထို့ပြင် အင်္ဂါဂြိုဟ်ပေါ်တွင် လူသားများ အခြေချနေထိုင်နိုင်ရေး မျှော်မှန်းချက်ကို နှစ် ၂၀ ထက်နောက်မကျစေဘဲ အကောင်အထည် ဖော်သွားမည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိအချိန်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ ကုန်ပစ္စည်း တစ်တန်ပေးပို့ပါက  ကုန်ကျစရိတ်မှာ ဒေါ်လာတစ်ဘီလီယံ ရှိနေသည့် အတွက်       ထိုကုန်ကျစရိတ်ကိုလည်း လျှော့ချသွားမည်ဟု    အီလွန်မက်ကပြောထားသည်။

Dates: 
Tuesday, September 10, 2024 - 09:34