​​​​​​​မင်းတုန်းမြို့နယ်ရှိ ရွာသစ်ကျေးရွာ စာသင်ကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ခုန်တိုင်ကျင်းကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ရေးသားဖြန့်ဝေနေ

မင်းတုန်းမြို့နယ်ရှိ ရွာသစ်ကျေးရွာ စာသင်ကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ခုန်တိုင်ကျင်းကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ရေးသားဖြန့်ဝေနေ

နေပြည်တော်၊ စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ရှိ ရွာသစ်ကျေးရွာ စာသင်ကျောင်းကို စက်တင်ဘာ ၉ ရက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် ခုန်တိုင်ကျင်းကျေးရွာမှ ဒေသခံပြည်သူ ၄၀ ကျော် ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မင်းတုန်းမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ရွာသစ်ကျေးရွာ စာသင်ကျောင်းကို တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုမရှိကြောင်း ထို့ပြင် ခုန်တိုင်ကျင်းကျေးရွာအနီးသို့ နယ်မြေလုံခြုံရေးဆောင်ရွက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စက်တင်ဘာ ၈ ရက်က ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့တွင် ၎င်းကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်းနှင့် ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်ရာ တွင် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများကို လုပ်ကြံ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, September 10, 2024 - 14:39