လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ်လအတွင်း စစ်ရာဇဝတ်မှုပေါင်း ၃၀၀ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို သတ်ဖြတ်ခဲ့သည်ဟု အခြေအမြစ်မရှိသည့် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဩဂုတ်လအတွင်း ပြည်သူများအပေါ် စစ်ရာဇဝတ် မှုပေါင်း ၃၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ်မျိုးကို မည်သည့်အခါကမျှလုပ်ဆောင်ခြင်းမရှိကြောင်း၊ နိုင်ငံတစ်ဝန်း အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူအများ ထိခိုက်သေကြေပြီး စည်းစိမ်ဥစ္စာများ ဆုံးရှုံးပျက်စီးနေသည်ကို မျက်ကွယ်ပြု၍ တရားမဝင်ပြည်ဖျက်မီဒီယာ များက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ အခြေအမြစ်မရှိသည့် အချက်အလက်များကို လိုရာဆွဲ ရေးသားခြင်းသာဖြစ် ကြောင်း သိရှိရသည်။