ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းတာဝန်မှ ရွှေ့ဆိုင်းခွင့်ရသူများ
ရွှေ့ဆိုင်းခွင့်
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ၊၁၅(က)တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်း ခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် အောက်ပါအချက်များနှင့် အကျုံးဝင်သော ပုဂ္ဂိုလ်များအား ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-
(က) ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော်ဆေးစစ်ရေးဘုတ် အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။
(ခ ) နိုင်ငံ့ဝန်ထမ်းများ။
( ဂ ) ပညာသင်ကြားနေသူများ။
(ဃ ) အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ။
(င) မူးယစ်ဆေးဝါးဖြတ်ရန်ဆေးကုသမှု ခံယူနေသူများ။
(စ ) ထောင်ဒဏ်ကျခံနေသူများ။
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ
(က) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော် လည်းကောင်း၊ အိမ်ထောင်သည် အမျိုးသားဖြစ်ပါက ဇနီးသော် လည်းကောင်း ရုတ်တရက်သေဆုံးသွားခြင်း။
(ခ ) ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီ ကာလအတွင်း မတော်တဆဖြစ်ရပ် တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူ၏ ပယောဂတစ်ခုခုကြောင့်ဖြစ်စေ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု အပြင်းအထန်ဒဏ်ရာ ရရှိသူဖြစ်ခြင်း။
(ဂ ) ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူဖြစ်ခြင်း။
(ဃ) နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာ သင်ယူနေသူဖြစ်ခြင်း။
(င) ပြည်သူ့စစ်မှုထမ်းရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်နေသူဖြစ်ခြင်း။