အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားအဖွဲ့က ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်တစ်ခုဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့

အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားအဖွဲ့က ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်တစ်ခုဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့

ရန်ကုန်  မေ  ၂၆

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်မှ ၂၆ ရက်အထိကျင်းပလျက်ရှိသည့် အရှေ့တောင်အာရှ ဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ ၂၀၂၄ (Bad-minton Asia South East Asia(Under 17  &  Under  15) REGIONAL JUNIOR CHAMPIONSHIP 2024) တွင်  ပါဝင်ယှဉ်ပြိုင်ခဲ့ သည့် မြန်မာကြက် တောင်အားကစားအဖွဲ့သည်  ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် လေးခုနှင့် ကြေးတံဆိပ်တစ်ခု စုစုပေါင်းဆုတံဆိပ် ၁၇ ခုဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်တောင် အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာကြက်တောင် အားကစားသမားများသည် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အရှေ့ တီမောနှင့် အိမ်ရှင်လာအိုနိုင်ငံတို့မှ ကြက်တောင်အားကစားသမားများနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ အသက် ၁၅ နှစ်အောက်နှင့် အသက် ၁၇ နှစ်အောက်ပြိုင်ပွဲတိုင်းတွင် ပြိုင်ဘက်များအား ပွဲပြတ်များဖြင့် အနိုင်ရရှိခဲ့ပြီး နိုင်ငံအတွက် ဆုတံဆိပ်များကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

ဆုရရှိမှုအနေဖြင့် အသက် ၁၅ နှစ်အောက်အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အသက် ၁၇ နှစ် အောက် အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အသက် ၁၅ နှစ်အောက်ပြိုင်ပွဲများဖြစ်သည့်   အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် အုပ်စိုးခန့်က ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ယွန်းသက်ထားမောင်က ရွှေတံဆိပ်တစ်ခု၊ သဒ္ဒါထက်ကျော်က ငွေတံဆိပ်တစ်ခု၊ အမျိုးသား နှစ်ယောက် တွဲပြိုင်ပွဲတွင် အုပ်စိုးခန့်နှင့် မြင့်မြတ်လင်းတို့အတွဲက ရွှေတံဆိပ်တစ်ခု၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင်  အုပ်စိုးခန့်နှင့် သဒ္ဒါထက်ကျော်တို့အတွဲက ရွှေတံဆိပ်တစ်ခု၊ မြင့်မြတ်လင်းနှင့် ယွန်းသက်ထားမောင်တို့အတွဲက ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် သဒ္ဒါထက် ကျော်နှင့် ယွန်းသက်ထားမောင် တို့အတွဲက  ရွှေတံဆိပ်တစ်ခု  အသီးသီး ဆွတ်ခူးရရှိကြသည်။

ထို့အတူ အသက် ၁၇ နှစ်အောက်ပြိုင်ပွဲများဖြစ်သည့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဟိန်းသီဟအောင် က ငွေတံဆိပ်တစ်ခု၊ ဉာဏ်ရှိန်လင်းက ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် လင်းလင်းထက် က ရွှေတံဆိပ်တစ်ခု၊ ရှဲန်လမိန်းက ငွေတံဆိပ်တစ်ခု၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက် တွဲပြိုင်ပွဲတွင် ဟိန်းသီဟအောင်နှင့် ရှဲန်လမိန်းတို့အတွဲက ရွှေတံဆိပ်တစ်ခု၊ ဉာဏ်ရှိန်လင်းနှင့် လင်းလင်းထက်တို့ အတွဲက ငွေတံဆိပ်တစ်ခု၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဟိန်းသီဟအောင်နှင့် ဉာဏ်ရှိန်လင်းတို့အတွဲက ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် လင်းလင်းထက်နှင့် ရှဲန်လမိန်းတို့ အတွဲက ရွှေတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။

မြန်မာကြက်တောင် အားကစားအဖွဲ့အနေဖြင့် ကြက်တောင်ကစားသမားရှစ်ဦးဖြင့် ပြိုင်ပွဲဝင်ခဲ့ကာ ဆုတံဆိပ်များကို ဆွတ်ခူးရယူခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ကမ္ဘောဒီးယားနိုင်ငံတွင်ပြုလုပ်သည့်   ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ခုဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင် ယခင်နှစ်အောင်မြင်မှုထက် ပိုမိုဆောင် ရွက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်မှ သိရသည်။

ဝန်းရံခ

Dates: 
Wednesday, September 11, 2024 - 05:08