၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

နေပြည်တော်  မေ  ၂၆

ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစား သမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း    (အမျိုးသား/အမျိုးသမီး) သုံးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌  ကျင်းပခဲ့သည်။

ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း (အမျိုးသား) သုံးယောက်တွဲအဖွဲ့လိုက် အုပ်စု ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကယားပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကိုနှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော် အသင်းက   ဧရာဝတီတိုင်းဒေသကြီးအသင်းကို     နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး) သုံးယောက်တွဲ အဖွဲ့လိုက် အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းက နေပြည်တော်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့်လည်း ကောင်း၊ မွန်ပြည်နယ်အသင်းက မန္တလေး တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက  ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် အသင်းက နေပြည်တော်အသင်းကို  နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက  စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း    အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ် မေလ ၂၇ ရက် (ယနေ့)နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) သုံးယောက်တွဲ အဖွဲ့လိုက်အုပ်စုပြိုင်ပွဲ ပွဲစဉ်များ နှင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။        

ကျော်လွင်(မြဝတီ)

Dates: 
Wednesday, September 11, 2024 - 05:10