ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် တစ်သိန်းကျော် တင်ပို့ထား

 

ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ငါးမက်ထရစ်တန် တစ်သိန်းကျော် တင်ပို့ထား

 

ရန်ကုန်  စက်တင်ဘာ ၁၀

    မြန်မာနိုင်ငံမှ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ်  ငါးလတာကာလအတွင်း  ပြည်ပသို့ ငါးတင်ပို့မှုအနေဖြင့်   မက်ထရစ်တန်    တစ်သိန်းကျော် တင်ပို့ထားကြောင်း   ငါးလုပ်ငန်းဦးစီးဌာနမှ  တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ငါးလတာ ကာလအတွင်း ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၆၅၆၁၁   ဒသမ   ၉၆   တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၈၈ ဒသမ ၆၄၃ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ   ငါးမက်ထရစ်တန် ၅၉၁၈၁  ဒသမ   ၇၁၁   တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ  ၄၉ ဒသမ  ၀၈၈  သန်းရရှိသည့်အတွက် စုစုပေါင်း ငါးမက်ထရစ်တန်   ၁၂၄၇၉၃   ဒသမ  ၆၇၁    တန် တင်ပို့ပြီး   အမေရိကန်ဒေါ်လာ    ၁၃၇  ဒသမ  ၇၃၁  သန်းရရှိခဲ့ကြောင်း   သိရသည်။

ပြီးခဲ့သည့်  ဘဏ္ဍာနှစ်ကာလတူက  ပြည်ပသို့ ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၅၉၈၈၅ ဒသမ ၂၃၄ တန် တင်ပို့ပြီး  အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၂၅၃ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံမှ  ပုစွန်နှင့်ငါးအပါအဝင် ရေထွက်ကုန်များကို  တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊    ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း   ၄၀  ကျော်သို့  တင်ပို့လျက်ရှိပြီး  ရန်ကုန်မြို့မှတစ်ဆင့်  ပုံမှန်တင်ပို့သည့်အပြင်  နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက် ရှိကြောင်း သိရသည်။

Dates: 
Wednesday, September 11, 2024 - 05:12