၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဘာစီလိုနာ အမျိုးသမီး အသင်းက လိုင်ယွန်အမျိုးသမီးအသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူး
မက်ဒရစ်၊ ဘောလုံး
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အမျိုးသမီးချန်ပီယံ လိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မေလ ၂၅ ရက် ညပိုင်းက စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့တွင် ဘာစီလိုနာအမျိုးသမီးအသင်းနှင့်လိုင်ယွန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင် ကစားရာ ဘာစီလိုနာအမျိုးသမီးအသင်းက ၂ ဂိုး- ဂိုးမရှိဖြင့်အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် တွင် ဘာစီလိုနာအမျိုးသမီးအသင်းသည် ချယ်လ်ဆီး အမျိုးသမီးအသင်းကို နှစ်ကျော့ပေါင်း ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သကဲ့သို့ လိုင်ယွန်အမျိုးသမီး အသင်းသည် လည်း ဒေသတွင်းပြိုင်ဘက် ပီအက်စ်ဂျီအမျိုးသမီး အသင်းကို နှစ်ကျော့ပေါင်း ၅ ဂိုး- ၃ ဂိုးဖြင့်အနိုင်ရရှိ ခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။
အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ဘာစီလိုနာအမျိုးသမီးအသင်းက ခြေစွမ်းပိုင်းအသာစီး ဖြင့် ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၆၃ မိနစ်တွင် ဘွမ်မာတီနှင့် ပွဲချိန် ၉၅ မိနစ်တွင် ပူတဲလက်စ်တို့ တစ်ဂိုးစီဂိုးသွင်းနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် ၂ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိကာ ချန်ပီယံဆုကို သုံးကြိမ် ဆက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာအမျိုးသမီးအသင်းသည် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီနှင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတို့တွင် ဗိုလ်လုပွဲစဉ်၌ လိုင်ယွန်အမျိုးသမီးအသင်းကို နှစ်ကြိမ်စလုံးရှုံးနိမ့်ပြီး ယခုဘောလုံးရာသီတွင် ပြန်လည် အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
Ref;B/R Football