တရုတ်က ၂၀၃၅ ခုနှစ်တွင် လပေါ်၌ အခြေစိုက်စခန်း တည်ဆောက်မည်

 

တရုတ်က ၂၀၃၅ ခုနှစ်တွင် လပေါ်၌ အခြေစိုက်စခန်း တည်ဆောက်မည်

 

    တရုတ်နိုင်ငံက ၂၀၃၅ ခုနှစ်တွင် လပေါ်၌ အခြေစိုက်စခန်းကို တည်ဆောက်သွား မည်ဖြစ်ပြီး ထိုတည်ဆောက်ရေးအတွက် အသေးစိတ် အစီအစဉ်များကို ထုတ်ပြန် လိုက်ပြီဖြစ်သည်။

အဆိုပါအခြေစိုက်စခန်းကို နိုင်ငံတကာ လလေ့လာရေးစခန်းဟု အမည်ပေးထားပြီး တရုတ်နှင့်ရုရှားနိုင်ငံတို့က ပူးတွဲအကောင် အထည် ဖော်သွားမည်ဖြစ်သည်။

ယင်းအခြေစိုက်စခန်းတည်ဆောက်မှုကို ၂၀၃၀ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်အတွင်း အကြီးစားဝန်တင်ဒုံးပျံများကို  ငါးကြိမ် လွှတ်တင်သွားရန် စီစဉ်ထားသည်။

လပေါ်တွင် နိုင်ငံတကာ သုတေသနစခန်း တည်ဆောက်ရေးကို အပိုင်းနှစ်ပိုင်းဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး  ပထမတစ်ပိုင်း အနေဖြင့် လ၏တောင်ဝင် ရိုးစွန်း အနီး၌ သုတေသနစခန်းကို တည်ဆောက်သွားမည်ဖြစ်သည်။

ဒုတိယတစ်ပိုင်းကိုမူ ၂၀၅၀ ပြည့်နှစ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်အာကာသလေ့လာရေး စီမံကိန်းမှ ဒီဇိုင်နာချုပ် ဝူယန်ဟွာကပြောသည်။

ဒုတိယအပိုင်းသည် ဘက်စုံလအခြေစိုက်စခန်း ကွန်ရက်ဖြစ်လာမည်ဖြစ်ကာ တောင်ဝင်ရိုးစွန်း အခြေစိုက်စခန်းက ၎င်း၏ပင်မစခန်း ဖြစ်လာမည်ဖြစ်သည်။

နိုင်ငံတကာလလေ့လာရေး စခန်းကို စွမ်းအင်ပေးနိုင်ရေးအတွက် နေရောင်ခြည်၊ ရေဒီယိုအိုင်ဆိုတုပ်နှင့် နျူကလီးယား ဓာတ်အားပေးစက်များကို အသုံးပြုသွားမည်ဖြစ် သည်။

Dates: 
Wednesday, September 11, 2024 - 07:58