ကိုဗစ်-၁၉ ရောဂါမျိုးကွဲများ အားလုံးကို တိုက်ဖျက်နိုင်မည့် ပဋိပစ္စည်းအသစ်ကို တွေ့ရှိ

 

ကိုဗစ်-၁၉ ရောဂါမျိုးကွဲများ အားလုံးကို တိုက်ဖျက်နိုင်မည့် ပဋိပစ္စည်းအသစ်ကို တွေ့ရှိ

 

     သုတေသနပညာရှင်များသည် ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသည့် SARS-CoV-2 ဗိုင်းရပ်၏မျိုးကွဲများ အားလုံးအပြင် အခြား ကိုရိုနာဗိုင်းရပ်များကိုလည်း တိုက်ဖျက်နိုင် မည့် ပဋိပစ္စည်းအသစ်ကို ရှာဖွေတွေ့ရှိပြီ ဖြစ်သည်။

သုတေသနကို တက္ကဆက်တက္ကသိုလ်က ဦးဆောင်ပြီး အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုတေသနအဖွဲ့က အော်စတင်မြို့၌ လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသုတေသန လုပ်ငန်းတွင် ပညာရှင်များက လူနာတစ်ဦးတည်းထံမှ SC27 ဟုခေါ်သော ပလာစ မာ ပဋိပစ္စည်းကိုတွေ့ရှိပြီး အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် သုတေသနပညာရှင်များက ပဋိပစ္စည်း၏ တုံ့ပြန်မှုကိုစမ်းသပ်သည့် နှစ် ပေါင်းများစွာကြာ လေ့လာမှုပြုထားသော နည်းပညာကို အသုံးပြုပြီးနောက် ထိုပဋိ ပစ္စည်း၏ တိကျသော မော်လီကျူးကိန်းစဉ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုသို့ဖော်ထုတ် နိုင်မှုကြောင့် နောင်တွင်အလားတူရောဂါ များကို ကုသနိုင်ရေးတွင် အသုံးပြုနိုင်မည့်ပဋိပစ္စည်းပမာဏ အများအပြားကို ထုတ်လုပ်နိုင်စေမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် လူများစွာကို ကူးစက်ပြီးနောက် အကြိမ်ကြိမ် မျိုးရိုးဗီဇ ပြောင်းလဲခဲ့ပြီး ယခုတွေ့ရှိသည့် SC27 က ထိုမျိုးရိုးဗီဇများကို ထောက်လှမ်း သိရှိနိုင် စွမ်းရှိသည်။         

Dates: 
Wednesday, September 11, 2024 - 08:10