ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၄ မေ ၂၇

          ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် သန်လျင်တပ်နယ် အားကစားကွင်း၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကိုယ်စား နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမား များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား နယ်မြေခံ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူ များနှင့်အတူ ပြိုင်ပွဲအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ​ကြည့်ရှုအားပေးကြသည်။

          အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင် အသင်း(၁၁) သင်းဖြင့် ဇွန်လ(၂၅)ရက်အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, September 11, 2024 - 09:39