စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး နေရကြောင်း မဟုတ်မမှန် သတင်းများရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ- ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး နေရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေ လျက်ရှိသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ စိစစ်ခဲ့ရာ ရေဦးမြို့အနီးတွင် PDF အမည်ခံ အကြမ်း ဖက်သမားများ ရောက်ရှိနေပြီး အင်အားစုဖွဲ့လျက်ရှိကြောင်း ဒေသခံကျေးရွာသားများ၏ လျှို့ဝှက်သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် ၎င်းကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့် သတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း လုံခြုံရေး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
တရားမဝင်ပြည်ဖျက် မီဒီယာများသည် ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင် အမြင်လွဲမှားစေမည့် သတင်းအမှားများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အပြစ်ပုံချခြင်းစသည့် လှုံ့ဆော် ဝါဒ ဖြန့်ဝေနေသည့် သတင်းများကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။