အင်းတော်မြို့ရှိ နေအိမ်တချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

အင်းတော်မြို့ရှိ နေအိမ်တချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ စက်တင်ဘာ ၁၁

     စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ နေအိမ်တချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၉ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်  ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

    ဖြစ်စဉ်အမှန်မှာ စက်တင်ဘာ ၉ ရက်က အင်းတော်မြို့ရှိ လုံခြုံရေး တပ်စခန်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်များ အင်းတော်မြို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် အင်းတော်မြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်း မရှိကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

   တရားမဝင်ပြည်ဖျက်မီဒီယာများ အနေဖြင့် အကြမ်းဖက်သမားများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင် ပျက်စီးခဲ့ရသည်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, September 11, 2024 - 16:06