အမ်းမြို့နယ်၊ ပဒဲကြောကျေးရွာ စာသင်ကျောင်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ဟု သတင်းအမှားများမဟုတ်မမှန် ရေးသားဖြန့် ဝေလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပဒဲကြောကျေးရွာ စာသင်ကျောင်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်ဘဲ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းမရှိကြောင်း၊ ဒေသခံများ၏ တိကျသောသတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်းကျန်း သူများ ခိုအောင်းလှုပ်ရှားနေသောနေရာများကိုသာ တိကျစွာတိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း၊ ထိုသို့ တပ်မတော်၏ ထိရောက်သောတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်သေဆုံး မှုများရှိခဲ့ရာ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများစိုးရိမ်ထိတ်လန့်စေရန်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်မှန်ကန်မှုမရှိသည့် သတင်းတု၊ သတင်းအမှားများကို တစ်ဖက် သတ်စွပ်စွဲရေးသားနေခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။