လောင်းလုံမြို့နယ်ရှိ ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များ မီးရှို့ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားကြောင်း လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေ

 

လောင်းလုံမြို့နယ်ရှိ ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များ မီးရှို့ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားကြောင်း လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေ

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁

      တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်ရှိ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးကျေးရွာတို့ ကို စက်တင်ဘာ ၁၀ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်စီးနင်းပြီး နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီးခြင်းနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

     အဆိုပါ သတင်းနှင့်ပတ်သက်၍ လောင်းလုံမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ ဖျက်ဆီးခြင်းနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်မှာ မှန်ကန်မှုမရှိကြောင်းနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လောင်းလုံမြို့နယ်ရှိ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို အဓမ္မယူဆောင်နေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင် အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, September 11, 2024 - 16:23