ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းကစားသမားဘဝမှ အနားယူရန် စဉ်းစားမည်ဖြစ်ကြောင်း ဒီဘရိုင်းဖွင့်ဟ

 

ဘယ်လ်ဂျီယံလက်ရွေးစင် အသင်းကစားသမားဘဝမှ အနားယူရန် စဉ်းစားမည်ဖြစ်ကြောင်း ဒီဘရိုင်းဖွင့်ဟ

 

‌ဘရပ်ဆဲလ် စက်တင်ဘာ ၁၁

      ဘယ်လ်ဂျီယံအသင်း  အဓိက ကွင်းလယ်ကစားသမား ဒီဘရိုင်းက ဘယ်လ်ဂျီယံအသင်း ကစားသမား ဘဝမှအနားယူရန်  စဉ်းစားမည်ဖြစ်ကြောင်း ပြင်သစ်အသင်းနှင့်  ဘယ်လ်ဂျီယံအသင်းတို့  ကစားသည့် ပွဲစဉ်အပြီးတွင် ဖွင့်ဟခဲ့သည်။

ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲအဖြစ်    ကစားသည့် ဘယ်လ်ဂျီယံအသင်းက ပြင်သစ်အသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်သော ပွဲစဉ်တွင် ဒီဘရိုင်းသည် အသင်း ဖော်များ၏ ကြိုးစားအားထုတ်မှုအပေါ် အပြစ်တင်ခဲ့ကာ     ပွဲအပြီးတွင်လည်း      အသင်းဖော်များ၏ စွမ်းဆောင်ရည်များအပေါ်   ဝေဖန်မှုများပြုလုပ်ပြီးနောက်   အင်တာဗျူးတွင်လည်း  ဘယ်လ်ဂျီယံအသင်း ကစားသမားဘဝမှအနားယူရန်  မကြာမီ စဉ်းစားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဒီဘရိုင်းက"ကျွန်တော်တို့အသင်းက ခံစစ်ပိုင်းမှာ ကစားသမားခြောက်ယောက်တောင် စုဖွဲ့ကစားခဲ့တာပါ။  ဒါတောင် ကစားသမားတွေ  အချိတ်အဆက်မမိခဲ့ပါဘူး။ အသင်းကစားသမားတွေအနေနဲ့အသင်းအတွက် ပေးဆပ် ကစားလိုစိတ် မရှိကြဘူး။ ကျွန်တော့်အနေနဲ့လည်း  အသင်းအတွက်  အတတ်နိုင်ဆုံး ပေးဆပ်ခဲ့ပြီးပါပြီ။ မကြာမီ ကျွန်တော် ကစားသမားဘဝက အနားယူဖို့ စဉ်းစားမှာပါ"ဟု ပြောသည်။

ဒီဘရိုင်းသည် ဘယ်လ်ဂျီယံအသင်းတွင် ၂၀၁၀ ပြည့်နှစ်က စတင်ပါဝင်ကစားခဲ့ကာ  ပြိုင်ပွဲစုံ ၁၀၇ ပွဲ ကစားထားပြီး   ဂိုးပေါင်း ၃၀ သွင်းယူထားကြောင်း သိရသည်။                                          

Dates: 
Friday, September 13, 2024 - 05:43