လူငယ်ကစားသမား မူစီရာလာကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အသင်းဥက္ကဋ္ဌ ဟိုင်နာပြောကြား

 

လူငယ်ကစားသမား မူစီရာလာကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အသင်းဥက္ကဋ္ဌ ဟိုင်နာပြောကြား

 

လန်ဒန် စက်တင်ဘာ ၁၁

‌    ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ       ဟိုင်နာက အသင်းမှ  လူငယ်တိုက်စစ်ကစားသမား မူစီရာလာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‌အသက် ၂၁ နှစ်အရွယ် မူစီရာလာသည် ချယ်လ်ဆီးအသင်း အကယ်ဒမီထွက်   ကစားသမားတစ်ဦးဖြစ်သော်လည်း ၂၀၁၉ ခုနှစ်က ဘိုင်ယန်မြူးနစ်အသင်း အကယ်ဒမီသို့ ပြောင်းရွှေ့ကစားခဲ့ကာ ၂၀၂၀ ပြည့်နှစ် မှစတင်ပြီး    ဘိုင်ယန်မြူးနစ်အသင်းနှင့်   ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ စတင်ပါဝင်ကစားခဲ့သူဖြစ်သည်။

မူစီရာလာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ပရော် ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ စတင်ပါဝင် ကစားခဲ့ပြီးနောက်  ဘောလုံးရာသီတိုင်းတွင်  အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရှိဥရောပ ထိပ်တန်းလိဂ်များ၌    အကောင်းဆုံး လူငယ်ကစားသမားများထဲတွင် တစ်ဦးအပါအဝင် ရပ်တည်နေသူဖြစ်သည်။

လက်ရှိ ဘိုင်ယန်မြူးနစ် အသင်းနှင့် မူစီရာလာတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၆ ခုနှစ်  ဇွန်လမှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း   ဘိုင်ယန်မြူးနစ်အသင်းက မူစီရာလာကို နောက်ထပ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး   အသင်းတွင်   ဆက်လက် ထိန်းထားရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်း၌  ခြေစွမ်းပြနေသည့်  မူစီရာလာကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ် အသင်းကြီးများက   ခေါ်ယူရန်စောင့်ကြည့်နေပြီး  အပြောင်းအရွှေ့ သတင်းများ  ထွက်ပေါ်နေသည့် အတွက် ဘိုင်ယန်မြူးနစ်အသင်း ဥက္ကဋ္ဌ ဟိုင်နာက မူစီရာလာ၏ အနာဂတ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ   ဟိုင်နာက  "မူစီရာလာက   အသင်းမှာ   ဒုတိယသောမက်မူလာပါ။  သူက သောမက်မူလာလို အသင်းအတွက် အများကြီး အကျိုးပြုတဲ့ ကစားသမားတစ်ဦးပါ။ သူ့အနေနဲ့   သောမက်မူလာလိုပဲ အသင်းမှာ နှစ်ပေါင်း ၂၀ ကျော် ကစားသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မူစီရာလာကို  သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့  လုပ်ဆောင်မှာပါ။ လက်ရှိ သူနဲ့စာချုပ်သက်တမ်းက  ၂၀၂၆  ခုနှစ်မှ ကုန်ဆုံးမှာဆိုပေမယ့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ဖို့    ကျွန်တော်တို့    အစွမ်းကုန်ကြိုးပမ်းမှာပါ"ဟုပြောသည်။ 

Dates: 
Friday, September 13, 2024 - 05:50