MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက် ကျင်းပ

 

MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက် ကျင်းပ

 

ရန်ကုန်   စက်တင်ဘာ   ၁၂

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ယနေ့တွင် ရန်ကုန်မြို့ရှိ MFF Futsal Stadium တွင်  ဆက်လက် ကျင်းပခဲ့ကြကြောင်း သိရသည်။

MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် နေ့နံနက် ၁၁နာရီတွင် Generations FC အသင်းနှင့် Pacific Sunfar  အသင်းတို့ ကစားခဲ့ရာ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် Divine FC အသင်းနှင့် YRG FC  အသင်းတို့ ကစားခဲ့ရာ Divine FC အသင်းက ၃  ဂိုး ၂  ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ အဖြစ် စက်တင်ဘာလ ၁၃ ရက်(ယနေ့) နံနက်  ၁၁နာရီတွင် Pacific Sunfar  အသင်းနှင့် Divine FC  အသင်း၊ မွန်းလွဲ ၁၂နာရီခွဲတွင် Phoenix FC အသင်းနှင့်Generations FC  အသင်းတို့   ဆက်လက် ကစားသွားမည်ဖြစ်သည်။

MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ  ယနေ့ပွဲစဉ်များအပြီးတွင် Divine FC  အသင်းက နှစ်ပွဲကစားပြီးနှစ်ပွဲလုံး အနိုင်ရရှိခဲ့ကာ   အမှတ်ပေးဇယား ထိပ်ဆုံးမှ ဦးဆောင်လျက် ရှိနေကြောင်း သိရသည်။ 

Dates: 
Friday, September 13, 2024 - 10:33