မန္တလေးတိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌဖလား ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌဖလား ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

မန္တလေး  စက်တင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်လမ်း ၃၀ ရှိ ဗထူးမိုးလုံလေလုံအားကစားရုံ၌ ၂ဝ၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဂျူဒိုဆပ်ကော်မတီဥက္ကဋ္ဌဖလားဂျူဒိုပြိုင်ပွဲများကိုစက်တင်ဘာလ ၁၂ ရက်နံနက် ၈ နာရီတွင်ကျင်းပသည်။

ရှေးဦးစွာသက်တမ်းအလိုက် ဂျူဒိုပြိုင်ပွဲများယှဉ်ပြိုင်နေမှုကို မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ မန္တလေးတိုင်းဒေသကြီး ဂျူဒိုဆပ် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  တိုင်းဒေသကြီးဝူရှူး၊  တိုက်ကွမ်ဒိုနှင့် ဗိုဗီနမ်အားကစား ဆပ်ကော်မတီ ဝင်များ၊  အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ဆက်လက်၍ အနိုင်ရရှိသူများအား မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီးဂျူဒိုဆပ်ကော်မတီဝင်များက ဆုများပေးအပ်ကြသည်။ ပြိုင်ပွဲမှ အကောင်းဆုံး ဂျူဒိုအားကစားသမားများအား ရွေးချယ်၍ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။                

မောင်ပြည်သူ(မန္တလေး)

Dates: 
Saturday, September 14, 2024 - 10:55