AI စွမ်းအင်သုံး Jiyue 07 EV ကားကို တရုတ်နိုင်ငံ၌ မိတ်ဆက်

AI စွမ်းအင်သုံး Jiyue 07 EV ကားကို တရုတ်နိုင်ငံ၌ မိတ်ဆက်

တရုတ်နိုင်ငံရှိ နာမည်ကျော်နည်းပညာ ကုမ္ပဏီ Baidu နှင့် မော်တော်ကားထုတ် လုပ်ရေးကုမ္ပဏီ Geely တို့ တွဲဖက်ဖန်တီး ထားသော Jiyue 07 ကားကို နိုင်ငံအတွင်းမှာ ပင်ထုတ်ဖော် မိတ်ဆက်လိုက် ပြီဖြစ်သည်။

AI ခေတ်၏ စမတ်ကားဟုပင် တင်စား ခေါ်ဝေါ်နိုင်သော Jiyue 07 တွင် AI နည်း ပညာကို ကောင်းစွာ အသုံးချထားသည့်အပြင် စတိုင်အရသာမက စွမ်းဆောင်ရည် အပိုင်းတွင်ပါ များစွာသာလွန်နေသည်ကို တွေ့ရသည်။

ကားတစ်စီးတန်ဖိုး ယွမ် ၂၀၉၉၀၀ ဖြင့် စတင်ထားသည့် အလတ်စားဆီဒင်လျှပ် စစ်ကားတွင် တံခါး လက်ကိုင်များမှာ ပုံမှန် ကားများကဲ့သို့ တံခါးတွင်တပ်ဆင်ထားခြင်းမဟုတ်ဘဲ တံခါးပေါင်များတွင် တပ်ဆင်ထားခြင်းဖြစ်သော်လည်း လက်ကိုင်ကြီးများအစား သတ်မှတ်နေရာကိုထိလိုက်ရုံဖြင့် တံခါးက ပွင့်လာမည်ဖြစ်သည်။

အတွင်းပိုင်းတွင်လည်း ၃၅ ဒသမ ၆ လက်မရှိသည့် ထိတွေ့မျက်နှာပြင်ကြီးကို တပ်ဆင်ပေးထားပြီး ထိုမျက်နှာပြင်ကို အပိုင်းသုံးပိုင်း အထိခွဲနိုင်သည်။ ထို့ပြင် အခြားသောစိတ်ဝင်စားဖွယ်ရာ ခေတ်ရှေ့ ပြေးနည်းပညာများစွာလည်း ပါဝင်သည်။ အလားတူ AI ကိုဦးစားပေး အသုံးပြုထားသောကြောင့် မောင်းသူမဲ့ စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ 

Ref: AE K.H

Dates: 
Saturday, September 14, 2024 - 11:21