BYD Denza Z9 GT ကို လာမည့်သီတင်းပတ်အကုန်တွင် ရောင်းချမည်

BYD Denza Z9 GT ကို လာမည့်သီတင်းပတ်အကုန်တွင် ရောင်းချမည်

BYD ကုမ္ပဏီက ၎င်းတို့၏ ဇိမ်ခံကား အမှတ်တံဆိပ်ဖြစ်သော Denza မှထုတ်လုပ်သည့် Z9 GT ကို လာမည့် သီတင်း ပတ်အကုန်တွင် ကမ္ဘာတစ်ဝန်းသို့စတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သာလွန်သော စွမ်းဆောင်ရည်၊ ကောင်းမွန်သောလုပ်ဆောင်ချက်များနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော ဈေးနှုန်းများကြောင့် အဆင့်မြင့်ဝက်ဂွန်အမျိုးအစားကားများတွင် Z9 GT ကရေပန်းစားလာဦးမည် ဖြစ်သည်။

စွမ်းအင်နှစ်မျိုးစပ်ပုံစံနှင့် အပြည့်အဝ လျှပ်စစ်ကားပုံစံတို့ဖြင့် ဈေးကွက်ဝင်လာမည့် Z9 GT သည် ဇိမ်ခံကား အမျိုးအစား ဖြစ်သည့်အတိုင်း ကားအတွင်းပိုင်းတွင် သုံးထားသမျှက အကောင်းဆုံးများသာ ဖြစ်ပြီး ကားအတွင်းရေခဲသေတ္တာမှာပင် နှစ်လုံးပါဝင်သည်ကိုတွေ့ရသည်။

ဈေးနှုန်းမှာမူ ယွမ် ၃၃၉၈၀၀ မှစတင်ကာ အဆင့်မြင့်ဆုံးအတွက်ဆိုလျှင် ယွမ် ၄၁၉၈၀၀ အထိသတ်မှတ် ထားကြောင်း သိရသည်။                   

Ref: AE K.H

Dates: 
Saturday, September 14, 2024 - 11:22