Audi က ဈေးအသက်သာဆုံး Q6 e-tron ၏အချက်အလက်များထုတ်ပြန်

Audi က ဈေးအသက်သာဆုံး Q6 e-tron ၏အချက်အလက်များထုတ်ပြန်

ယခုနှစ်မတ်လတွင် လူအများ၏ စိတ်ဝင်စားမှုရရှိအောင် Q6 e-tron ကိုထုတ် ဖော်ပြသခဲ့သည့် Audi ကုမ္ပဏီက ယခု ထိုအမျိုးအစားကိုပင် ဈေးသက်သာသည့် ပုံစံဖြင့်ရောင်းချသွားတော့မည်ဖြစ်သည်။

သို့သော် အခြေခံအဆင့်ဖြင့်ရောင်းချ မည်ဖြစ်သောကြောင့် အခြားသောအဆင့် မြင့်လုပ်ဆောင်ချက်များ ပါဝင်မည်မဟုတ် ပေ။ ဈေးနှုန်းမှာ ဂျာမနီ၌ ယူရို ၆၃၅၀၀ သတ်မှတ်ထားသည်။

အတွင်းပိုင်းတွင် သားရေထိုင်ခုံများနေရာ၌ ချည်သားထိုင်ခုံများသာ အသုံးပြု ထားသည်ကို တွေ့ရမည် ဖြစ်သည်။ အကြီး ဆုံးပြောင်းလဲမှုမှာ ဘက်ထရီစွမ်းရည်ဖြစ် ပြီး ၈၄ ကီလိုဝပ်ရှိသည့်ဘက်ထရီကိုသာ အသုံးပြုပေးထားသည်။

သို့သော်လည်း မိမိတို့လိုချင်သည့် လုပ်ဆောင်ချက်များကို ထပ်ထည့်ပါက ဈေးအသက်သာဆုံး Q6 e-tron ၏ ကျသင့်ဈေးနှုန်းမှာ ယူရို ၈၂၀၀၀ နီးပါးရှိမည်ဖြစ်သည်။                          

Ref: AE K.H

Dates: 
Saturday, September 14, 2024 - 11:23