MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

ရန်ကုန်    စက်တင်ဘာ    ၁၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့်   MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ယနေ့၌ ရန်ကုန်မြို့ရှိ MFF Futsal Stadium တွင် ဆက်လက်ကျင်းပခဲ့ကြကြောင်း သိရသည်။

MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့နံနက် ၁၁ နာရီတွင် Pacific Sunfar အသင်းနှင့် Divine FC အသင်းတို့ကစားခဲ့ရာ Divine FC အသင်းက ၆ ဂိုး  ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ ၁၂  နာရီခွဲတွင် Phoenix FC အသင်းနှင့် Generations FC အသင်းတို့ ကစားခဲ့ရာ Generations FC အသင်းက ၂ ဂိုး ၁  ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် စက်တင်ဘာလ ၁၄  ရက် (ယနေ့)နံနက် ၁၁နာရီတွင် Phoenix FC အသင်းနှင့် Divine FC အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် YRG FC အသင်းနှင့် Pacific Sunfar   အသင်းတို့ ဆက်လက်ကစားသွားမည် ဖြစ်သည်။

MFF Women Futsal Invitation Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ် သုံးပွဲကစားပြီးချိန်တွင် Divine FC အသင်းက သုံးပွဲလုံး အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။                    

စည်သူအောင်

Dates: 
Saturday, September 14, 2024 - 11:32