ဝန်ကြီးဌာန အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်အားပေး၊ တံခွန်စိုက်ဒိုင်းနှင့် ငွေသားဆုပေးအပ် ချီးမြှင့်

 

ဝန်ကြီးဌာန အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်အားပေး၊ တံခွန်စိုက်ဒိုင်းနှင့် ငွေသားဆုပေးအပ် ချီးမြှင့်

 

နေပြည်တော် စက်တင်ဘာ ၁၄

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ၃ နာရီတွင်   နေပြည်တော်   ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အေရုံ၌ ကျင်းပသည်။

ဗိုလ်လုပွဲစဉ်အဖြစ် ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကိုယ်စားပြုအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းက လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကိုယ်စားပြု အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိသွားသည်။

အဆိုပါအသင်းများ ယှဉ်ပြိုင်ကစားနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ပြိုင်ပွဲဝင်ဘော်လီဘောအသင်းများမှ အားကစားသမားများနှင့်  အုပ်ချုပ်သူ၊ နည်းပြများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် ဝန်ကြီးရုံးနှင့်e-ID ကိုယ်စားပြုအသင်းကို ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဝန်ကြီးဌာန အမျိုးသားဘော်လီဘော ပြိုင်ပွဲကို အမျိုးသားအားကစား ပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု အသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများမှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းဖြင့် စက်တင်ဘာလ  ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   

Dates: 
Sunday, September 15, 2024 - 05:22