ရှန်ဟိုင်းမြို့က မုန်တိုင်းဘီဘင်ကာ တိုက်ခတ်နိုင်မှုအတွက် ကြိုတင်ပြင်ဆင်

 

ရှန်ဟိုင်းမြို့က မုန်တိုင်းဘီဘင်ကာ တိုက်ခတ်နိုင်မှုအတွက် ကြိုတင်ပြင်ဆင်

 

ရှန်ဟိုင်း၊ သဘာဝဘေး

    တရုတ်နိုင်ငံ၏   စီးပွားရေးမြို့တော် တစ်ခုဖြစ်သော ရှန်ဟိုင်းမြို့က မကြာမီ တိုက်ခတ်လာနိုင်သည့်   အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း  ဘီဘင်ကာ အတွက်  ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိသည်။

ထိုမုန်တိုင်းက ရှန်ဟိုင်းမြို့သို့ စက်တင်ဘာလ ၁၆ ရက်နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် စက်တင်ဘာလ ၁၅ ရက်တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ရပ်နားကာ သင်္ဘောများကို ကမ်းသို့ပြန်ကပ်ခိုင်းပြီး ခရီးသွားနေရာ များကို ပိတ်လိုက်ပြီဖြစ်သည်။

စက်တင်ဘာလ ၁၅ ရက် ဒေသစံတော် ချိန် ညနေ ၅ နာရီအချိန် တိုင်းတာချက် များအရ ဘီဘင်ကာသည် ရှန်ဟိုင်းမြို့၏ အရှေ့တောင်ဘက်မှ  ကီလိုမီတာ ၄၀၀အကွာတွင် ရောက်ရှိနေပြီး မုန်တိုင်းဗဟိုချက်အနီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၈၉ မိုင်နှုန်း အထိရှိသည်။

ထို့ကြောင့်  အဆိုပါမုန်တိုင်း ဘီဘင်ကာသည် ၁၉၄၉ ခုနှစ်နောက်ပိုင်း ရှန်ဟိုင်းမြို့သို့ ဝင်ရောက်တိုက်ခတ်သည့် အားအပြင်းဆုံးသော အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတစ်လုံး  ဖြစ်လာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ မိုးလေဝသဌာနက  နိုင်ငံအရှေ့ပိုင်း၌ လေပြင်းများ တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများ  ဖြစ်ပွားနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့အတွက် ရှန်ဟိုင်းမြို့မှ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်များ အားလုံး ဖျက်သိမ်းပြီး တစ်ချိန်တည်းမှာပင် ရထားခရီးစဉ်များ ကိုလည်း ဖျက်သိမ်းထားသည်။ ရှန်ဟိုင်းမြို့သည်  ၁၉၄၉  ခုနှစ်တွင် တိုင်ဖွန်းဂလိုရီယာတိုက်ခတ်မှုနှင့် ရင်ဆိုင်ခဲ့ရကာ ထိုစဉ်ကလည်း မုန်တိုင်းကြောင့် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၄၄ ကီလိုမီတာနှုန်း ရှိသည်။    

Dates: 
Monday, September 16, 2024 - 06:13