ယီမင်ကပစ်လွှတ်သည့် ဒုံးကျည်တစ်စင်း အစ္စရေး အလယ်ပိုင်းသို့ ကျရောက်
ဂျေရုဆလင်၊ စစ်ရေး
ယီမင်နိုင်ငံက ပစ်လွှတ်လိုက်သည့် မြေပြင်မှမြေပြင်ပစ် ဒုံးကျည်တစ်စင်းသည် အစ္စရေးနိုင်င အလယ်ပိုင်းသို့ ကျရောက် ပေါက်ကွဲကြောင်းနှင့် ထိခိုက်ပျက်စီးမှုများ ကိုဆန်းစစ်မှုများ လုပ်နေကြောင်း အစ္စရေး တပ်မတော်က စက်တင်ဘာလ ၁၅ ရက် တွင်ထုတ်ပြန်ထားသည်။
ထို့ပြင် အစ္စရေးလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည် ထိုဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ရေး အတွက် ကြိုးပမ်းသော်လည်း ဒုံးကျည်မှာ လူနေရပ်ကွက်များနှင့် ဝေးရာနေရာသို့ ကျရောက်ပေါက်ကွဲသွားကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။
ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က ၎င်းတို့သည် ဂျဖာဒေသရှိ စစ်စခန်းတစ်ခုကို အသံနှုန်း လွန် အမြင့်ပျံဒုံးကျည်တစ်စင်းဖြင့် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၅ ရက်တွင်ပြောသည်။
ယင်းဒုံးကျည်အသစ်ကို ရန်သူ၏ လေကြောင်းကာကွယ်ရေး စနစ်ကကြားဖြတ် နိုင်ခြင်း မရှိကြောင်းနှင့် အချိန်အားဖြင့် ၁၁ မိနစ်ခွဲအတွင်း ၁၂၆၈ မိုင်အထိ ရောက်ကာ ပစ်မှတ်ကိုထိမှန်ခြင်းဖြစ်ကြောင်း ဟူသီအဖွဲ့က ပြောထားသည်ဟု သိရသည်။