အလေးထား ကာကွယ်ရမည့် သတင်းတု၊ သတင်းမှား အန္တရာယ်

 

အလေးထား ကာကွယ်ရမည့် သတင်းတု၊ သတင်းမှား အန္တရာယ်

 

    သတင်းအချက်အလက် သိရှိရေးသည်  ခေတ်အဆက်ဆက် မည်သည့်စနစ်မဆို အရေးပါသော အခန်းကဏ္ဍတွင်  ရပ်တည်လျက်ရှိသည်။  နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ ဖြစ်တည်တိုးတက်မှုများသည်  သတင်းအချက်အလက်များ အပေါ်တွင် အခြေခံပြီး ကူးလူးဆက်ဆံ၊ ရင်းနှီးမတည်၊ လက်ခံယုံကြည်၍ အကောင်အထည်ဖော် ဆောင်ရွက်ကြသည်။သတင်းကြိုတင်သိရှိမှု၊  သတင်းမှန်များ နေ့စဉ်ပျံ့နှံ့ရောက်ရှိမှုနှင့်     သတင်းမှားများ/ သတင်းတုများ/ လုပ်ကြံဝါဒဖြန့်မှုများကို ကာကွယ်တားဆီးနိုင်မှုသည် နိုင်ငံတိုင်းအတွက် အရေးပါသော အခြေအနေတစ်ရပ်ဖြစ်လာသည်။   နည်းပညာ တိုးတက်လာမှုနှင့်အတူ     သတင်းမှန်များ၏ အရေးပါမှုသည်လည်း တိုင်းပြည်နိုင်ငံတိုင်းအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာပြီး သတင်းလိမ်/ သတင်းတု/သတင်းမှား/ လုပ်ကြံသတင်းများ၏ အန္တရာယ်များသည် နေရာတိုင်းတွင် သက်ရောက်မှု ရှိလာနေပြီဖြစ်သည်။

သတင်းမှား/သတင်းတု/ လုပ်ကြံသတင်း

    ရှေးယခင်က ကောလာဟလဟု လူသိများသော သတင်းတု/ သတင်းမှားများကြောင့် မြန်မာရာဇဝင်တွင်လည်း  တိုင်းပြည်ကစဉ့်ကလျား ပျက်ပြားသည်အထိ သာဓကများ ရှိခဲ့ဖူးသည်။  ယခုကာလတွင် သတင်းအတုဟု သိကြသော  သတင်းမှားသည် မမှန်မကန် အစီရင်ခံခြင်းအဖြစ် ပျံ့နှံ့ခြင်းကို ရည်ညွှန်းပြီး  သတင်းစားသုံးသူကို လှည့်ဖြားမှု၊ ဝါဒဖြန့်မှု သို့မဟုတ် အထင်အမြင်လွဲမှားစေသော ပုံစံအမျိုးမျိုးဖြင့် အလွယ်တကူ ပျံ့နှံ့စေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ လူမှုမီဒီယာနှင့် အွန်လိုင်းပလက်ဖောင်းများမှ တစ်ဆင့် မှားယွင်းသော အချက်အလက်များကို  အမှန်ဟုယုံကြည်သူများက  ထပ်ဆင့်မျှဝေခြင်းနှင့်    မဟုတ်မမှန်သော   သတင်းများအား ကြည့်ရှုသူများကို လှည့်ဖြားရန် သို့မဟုတ် အယုံသွင်းခြယ်လှယ်ရန် ရည်ရွယ်ချက်ထားကာ မဟုတ်မမှန် သတင်းများဖြန့်ကြက်ခြင်းတို့ဖြင့် လုပ်ကြံသတင်းများကို အကွက်ကျကျ ဆောင်ရွက်လေ့ရှိကြသည်။ သမားရိုးကျပုံစံထက် အတားအဆီးမဲ့ အလွယ်တကူ လူတိုင်းလက်လှမ်းမီ     အသုံးပြုနေကြသော အွန်လိုင်း ပလက်ဖောင်းများ၏ ဘက်လိုက်ခြင်း၊ ၎င်းတို့  အကျိုးစီးပွားအတွက်  မီဒီယာကျင့်ဝတ်များကို မစောင့်ထိန်းဘဲ   နိုင်ငံများ၊   ဒေသများအပေါ် လွှမ်းမိုးချုပ်ကိုင်ခြင်းများသည်  တစ်ရှိန်ထိုးသိသာ ထင်ရှားလာသည့် အခြေအနေများအဖြစ်  မြင်တွေ့ကြားသိနိုင်သည်။  ယင်းတို့သည်   သတင်းတု/သတင်းမှား/ လုပ်ကြံသတင်းများ ဖန်တီးထုတ်လုပ်ဖြန့်ချိမှုတို့ကို စီးပွားရေးသဖွယ် အမြစ်တွယ်စေနိုင်သော အကြောင်းရင်း တစ်ရပ်ဖြစ်လာသည်။

သတင်းတု/သတင်းမှား တိုက်ဖျက်ရေး

    သတင်းတု/သတင်းမှားများကြောင့် ဖြန့်ဝေသူသည်  အကျိုးအမြတ်များစွာရရှိပြီး  သတင်းတု/ သတင်းမှားကို   ယုံကြည်မိသောသူများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်သည်သာမက သတင်းတု/သတင်းမှားနှင့် တိုက်ရိုက်မသက်ဆိုင်သော လူထုလူတန်းစားများကိုပါ     မကောင်းသည့် ဆိုးကျိုးသက်ရောက်မှုများ အချိန်မဆိုင်း ရရှိခံစားစေတတ်သော သဘောရှိသည်။   သတင်းမှားများ မပြန့်ပွားရေးနှင့် သတင်းမှားများအပေါ် ယုံကြည်အားကိုးမှု မလွန်ကဲရေးမှာ တိုင်းပြည်နိုင်ငံတစ်ခု၏ အစိုးရတာဝန်ဖြစ်သည်သာမက    နိုင်ငံသူ၊   နိုင်ငံသားအားလုံး  တစ်ဦးချင်းစီက အသိတရား လက်ကိုင်ထားပြီး သတိထားကာကွယ် တိုက်ဖျက်ကြရန် အရေးကြီးလှသည်။ သတင်းမှန်နှင့် သတင်းမှား ခွဲခြမ်းစိတ်ဖြာရေးတွင် အောက်ပါ အခြေခံအချက်များကို  အထူးဂရုပြုကြရမည်ဖြစ်သည်-

( ၁ )   သတင်းတိုင်းကို   ဝေဖန်ပိုင်းခြားပြီးကြည့်ရှုယုံကြည်ခြင်း

( ၂ )   သတင်းအရင်းအမြစ်ပေါ်    ဆန်းစစ်လေ့လာခြင်း

( ၃ )   လုပ်ကြံသတင်းများ/ ထင်ယောင်ထင်မှား  သတင်းများ

( ၄ )   ဖြတ်ညှပ်ကပ် ပေါင်းစပ်ထားသော သတင်းနှင့် အယူအဆများ

( ၅ )   လှုံ့ဆော်မှုများ၊ တိုက်တွန်းချက်များ၊အယုံသွင်းမှုများ

( ၆ )   အကြောင်းအရာတစ်ခုတည်းကို  ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်ရသောသတင်းများ

( ၇ )   သဘာဝလွန်၊ ယုတ္တိတန်သောသတင်းများ

( ၈ )   ဥပဒေ၊  အမိန့်၊   ညွှန်ကြားချက်နှင့် အရေးကြီးထုတ်ပြန်ချက်များ

( ၉ )   ပဋိပက္ခများဖြစ်ပွားစေရန် လှုံ့ဆော်ဝါဒဖြန့်မှုများ

(၁၀)  အမုန်းတရား၊   အမုန်းစကားများနှင့်စွပ်စွဲပြောဆိုမှုအစွန်းရောက်သတင်းများ

အာဆီယံဒေသတွင်း   သတင်းတု/သတင်းမှား တိုက်ဖျက်ရေး သတင်းတု/ သတင်းမှားအန္တရာယ် ကြီးမားကျယ်ပြန့်လာသောကြောင့်   အာဆီယံအဖွဲ့ကြီးသည်လည်း သတင်းတု/ သတင်းမှားတိုက်ဖျက်ရေးကို ဘက်စုံချဉ်းကပ်မှုများ ဖြစ်သော ဥပဒေဖြင့် တားဆီးခြင်း (Legislative Measures)၊ တီထွင်ဆန်းသစ်သည့် နည်းပညာဖြင့် တားဆီးခြင်း  (Technological Innovation)၊ မီဒီယာသိနားလည်မှု (Media Literacy)၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း(International Cooperation) တို့ဖြင့် လုပ်ဆောင်ကြရန် ကြိုးပမ်းလျက်ရှိသည်။ အာဆီယံအဖွဲ့ကြီးသည် သတင်းတု/ သတင်းမှားများ ကာကွယ်တားဆီးနိုင်ရေးနှင့် သတင်းမှန်များ ပုံမှန်ထုတ်ပြန်ရရှိနိုင်ရေးအတွက် အာဆီယံ ဒေသတွင်း သတင်းတု/သတင်းမှား တိုက်ဖျက်ရေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိပြီး ယခုမကြာမီကာလတွင်  သတင်းတုနှင့် မဟုတ်မမှန် သတင်းများကို တိုက်ဖျက်ရာတွင်  အစိုးရ သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ- ဩစတြေးလျ အလုပ်ရုံဆွေးနွေးပွဲ    ASEAN- Australia Workshop to Familiarise the ASEAN Guideline on Management of Government Information in Combating Fake News and Disinformation in the Media ကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။  အာဆီယံအဖွဲ့ဝင် နိုင်ငံများက သတင်းတု/သတင်းမှား တိုက်ဖျက်ရေးအနေဖြင့် အာဆီယံအဖွဲ့ကြီးအတွင်း အဖွဲ့ဝင်နိုင်ငံများ အလိုက် ရင်ဆိုင်ကြုံတွေ့ဖြေရှင်း ဆောင်ရွက်နေရသည်များကို ပူးပေါင်းဆွေးနွေး အဖြေရှာဆောင်ရွက်လျက်ရှိသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုချင်း သတင်းတု/ သတင်းမှား တိုက်ဖျက်ရေး ဆောင်ရွက်နေမှုများကို   အောက်ပါအတိုင်း လေ့လာသိရှိရသည်-

( ၁ )   ဘရူနိုင်း - အမျိုးသားအဆင့် Hotline ဖွင့်လှစ်ထားရှိခြင်း၊   အသိပညာပေး လှုပ်ရှားမှုများအား   ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်  ပုံနှိပ်မီဒီယာ၊  အစိုးရနှင့် ပုဂ္ဂလိက  လူမှုမီဒီယာများအပါအဝင်           ပလက်ဖောင်းများစွာတွင် ဖော်ပြအသိပေးခြင်း၊  အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် အစိုးရအေဂျင်စီများမှ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၏ တာဝန်ရှိသူများထံ တိုက်ရိုက် အဆက်အသွယ်ပြုလုပ်ထားခြင်း၊ ICT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ဆောင်မှုများအရည်အသွေးကောင်းမွန်စေရန် စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် ရေဒီယိုလှိုင်းနှုန်းစဉ်များကို စီမံခန့်ခွဲသော သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာနှင့် စက်မှုလုပ်ငန်းအာဏာပိုင်အဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ ဆိုက်ဘာလုံခြုံရေးအဖွဲ့က အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအပါအဝင် အများပြည်သူသို့ ဆိုက်ဘာလုံခြုံရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်း၊  ဆိုက်ဘာခြိမ်းခြောက်မှုနှင့် ကိုယ်ရေးကိုယ်တာ   အန္တရာယ်များအကြောင်း   ဘရူနိုင်းအများပြည်သူများအကြား သတိပြုမိစေရန် ရည်ရွယ်၍ Secure Verify Connect (SVC) အသိပညာပေး လှုပ်ရှားမှု တစ်ခုပြုလုပ်ခြင်းတို့လုပ်ဆောင်သည်။

(၂)     ကမ္ဘောဒီးယား - ပြန်ကြားရေးဝန်ကြီးဌာနက သတင်းတု၊ သတင်းမှား တိုက်ဖျက်သည့်လုပ်ငန်းစဉ်များဖြစ်သော ပြည်သူကို အသိပညာပေးခြင်း၊ သတင်းသမားများကို လေ့ကျင့်သင်ကြားပေးခြင်း၊ အုပ်ချုပ်ရေးနှင့်  တရားဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်မှု၊     ခိုင်မာပြီး ယုံကြည်စိတ်ချရသော နိုင်ငံပိုင်မီဒီယာများ ဖန်တီးခြင်း၊  နိုင်ငံတော်နှင့် တိုင်းဒေသကြီးအဆင့်တွင်  ပြောရေးဆိုခွင့်ရှိသူများ အားကောင်းလာစေရန်နှင့် သက်ဆိုင်သူများအကြား ပူးပေါင်းဆောင်ရွက်မှု   အားကောင်းလာစေရန် ပံ့ပိုးပေးခြင်း၊  သတင်းမီဒီယာများ၏ တာဝန်ခံဖော်ပြထားသည့်  စာနယ်ဇင်းဥပဒေ (၁၉၉၅)၊ သတင်းတုများဖြန့်ဝေခြင်းအတွက် တရားဝင်  နောက်ဆက်တွဲအကျိုးဆက်များကို    တားမြစ်ထားသည့် ရာဇသတ်ကြီးပုဒ်မများနှင့် ကြေညာချက် အမိန့်များ ထုတ်ပြန်ခြင်း၊ ကမ္ဘောဒီးယား သတင်းတု တိုက်ဖျက်ရေး ကော်မတီမှ စောင့်ကြည့်စစ်ဆေးခြင်း၊ အချက်အလက်စစ်ဆေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်   မမှန်မကန် သတင်းရေးသားမှုများကိုအရေးယူခြင်းများ ဆောင်ရွက်ပါသည်။

          “သတင်းမှားများကို မပြောပါနှင့်” ဟူသော အမျိုးသားရေးလှုပ်ရှားမှု  သတင်းစာပညာအတွက် ပဋိညာဉ် စာတမ်း ပြည်တွင်း ပြည်ပ   ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရှာဖွေခြင်း၊  သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ တာဝန်သိမှုမြှင့်တင်ခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့်  စည်းမျဉ်း စည်းကမ်းများကို  ပြည်သူများလိုက်နာမှုရှိစေရန် ဆောင်ရွက်လျက်ရှိသည်။

(၃)     အင်ဒိုနီးရှား - သတင်းတု/သတင်းမှား

          ကာကွယ်တိုက်ဖျက်ရေးအတွက် ၂၀၂၄   ခုနှစ်တွင် ပြဋ္ဌာန်းသော အီလက်ထရွန်နစ် သတင်းအချက်အလက်နှင့် လွှဲပြောင်းမှုများဆိုင်ရာ ဥပဒေ၊ ၂၀၀၈ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော ပြည်သူ့သတင်း အချက်အလက် ပွင့်လင်းမြင်သာမှုဆိုင်ရာ ဥပဒေ၊ ၁၉၉၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော စာနယ်ဇင်းဥပဒေ၊ ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့ဆက်သွယ်ရေး စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်၊  ၂၀၂၂ ခုနှစ်တွင်  ပြဋ္ဌာန်းခဲ့သော ကိုယ်ရေးကိုယ်တာအချက်အလက်   ကာကွယ်ရေးဥပဒေ၊ သတင်းတု/သတင်းမှား ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များဖြစ်သော အမျိုးသားအဆင့် ဒစ်ဂျစ် တယ် သိနားလည်မှု အစီအစဉ်၊ အကြောင်းအရာစစ်ထုတ်တတ်ခြင်း ကျွမ်းကျင်မှု၊ ပြည်သူလူထုပူးပေါင်းပါဝင်မှု၊ စည်းကမ်းတင်းကျပ်မှုနှင့် စာနယ်ဇင်းကောင်စီတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

(၄)     လာအို - လာအိုနိုင်ငံတွင်း သတင်းတု/သတင်းမှားများ တိုက်ဖျက်ရန် နိုင်ငံလုံးဆိုင်ရာန္တရားများနှင့် ပတ်သက်သည့်    သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှု မရှိသေးကြောင်းနှင့် သတင်းတု/ သတင်းမှား   တိုက်ဖျက်ရေးအတွက် သမာရိုးကျ မီဒီယ        များကို အဓိကထား အခြေခံဆောင်ရွက်လျက်ရှိပါသည်။ 

(၅)     မလေးရှား - သတင်းတု/ သတင်းမှား ဖြန့်ဝေသူများကို    တရားဥပဒေအရ အရေးယူခြင်းသည် အခြေခံအုတ်မြစ်     အဖြစ်ပြဋ္ဌာန်းပေးသော ရာဇသတ်ကြီးနှင့် ဆက်သွယ်ရေးနှင့်   မာတီမီဒီယာအက်ဥပဒေ(၁၉၉၈)၊  သတင်းအချက်အလက်များကို      အတည်ပြုရန်     Artificial ntelligence (AI) Chatbot ကို    တီထွင်ထားပြီး ှားယွင်းနေသောအချက် များကို လျင်မြန်စွာဖော်ထုတ်နိုင်သည်။ တိကျသော သတင်းအချက်အလက်       အမှန်များကို  ပြည်သူများထံ ကူညီတုံ့ပြန်ပေး နိုင်သဖြင့် သတင်းမှားပျံ့နှံ့မှုကို လျှော့ချရန် အောက်အကူ ဖြစ်သည်။ အသိပညာပေးခြင်းနှင့် စည်းရုံးလှုံ့ဆော်ခြင်း အနေဖြင့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် သတင်းတု/ သတင်းမှားများကို မည်ကဲ့သို့ဖော်ထုတ်ရမည်၊ မည်ကဲ့သို့ရှောင်ရှားရမည် စသည် ဖြင့် ူထုအား ပညာပေးသည့် မီဒီယာ    သိနားလည်မှုသင်တန်း အစီအစဉ်များကို     ကျောင်းများ၊ တက္ကသိုလ်များ၊ စေတနာ့  ဝန်ထမ်းများ၊ လူမှုအသိုက်အဝန်းအဖွဲ့ အစည်းများထံ အဓိကထားအသိပညာဖြန့်ဝေလျက်ရှိသည်။ အများပြည်သူဝန်ဆောင်မှု ကြေညာချက်များ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် အွန်လိုင်းအရင်းအမြစ် များမှတစ်ဆင့် အသိပညာပေးဖြန့်ဝေလျက်ရှိသည်။ အချက်အလက်စစ်ဆေးခြင်း ကွန်ရက်များအနေဖြင့် ဆိုရှယ်မီဒီယာနှင့် အခြား ပလက်ဖောင်းများပေါ်တွင် ပျံ့နှံ့နေသည့်သတင်းနှင့် အချက်အလက်များ၏ မှန်ကန်မှုကို  အတည်ပြုပေးနိုင် သည့် အချက်အလက်စစ်ဆေးရေး ပေါ်တယ်လ် (Fact Checking Portal) တစ်ခုကို လွှင့်တင်ထားသည်။ အဆိုပါ Portal သည် မှားယွင်းနေသော အချက်များကို  လျင်မြန်စွာ ဖော်ထုတ်နိုင်ပြီး တိကျသော သတင်းအချက်အလက်မှန်များကို ပြည်သူများထံ  ကူညီတုံ့ပြန်ပေးသည့်အတွက်  သတင်းမှားများ  ပျံ့နှံ့မှုကို လျှော့ချရန် အထောက်အကူဖြစ်သည်။   အစိုးရသတင်းထုတ်ပြန်ချက်များကို ဖုန်းများသို့ မက်ဆေ့အတိုများ ပေးပို့အသိ ပေးခြင်း (ဥပမာ - ကပ်ရောဂါ ကာလ    အတွင်း အရေးပေါ်ကြေညာချက်များကိုထုတ်ပြန်ခြင်း)၊ အေဂျင်စီ အချင်းချင်း    ညှိနှိုင်းဆောင်ရွက်မှုအနေဖြင့် သတင်းတုများတိုက်ဖျက်ရန် အထူးလုပ်င်းအဖွဲ့ကို အစိုးရအေဂျင်စီများဖြင့်   ၂၀၂၂  ခုနှစ် တွင် ဖွဲ့စည်းခဲ့သည်။ လုပ်ငန်းခွင်ဆိုင်ရာ     ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် လေးရှား အစိုးရသည် သတင်းတုများကို ဖော်ထုတ်ဖယ်ရှားရန်  Facebook,  Twitter,  Whats App ကဲ့သို့သော ပလက်ဖောင်း  များနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သတင်းတု/ သတင်းမှား တိုက်ဖျက်ရန်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြော      ဆိုခွင့်၊  ချိန်ခွင်လျှာညှိရန်  စည်းမျဉ်းစည်းကမ်း  အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့်ပြစ်မှု၊ ပြစ်ဒဏ်များကို အများပြည်သူ        သိရှိနားလည်လိုက်နာစေရန် နည်းလမ်း မျိုးစုံဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်။

(၆)     မြန်မာ - ပြန်ကြားရေး ဝန်ကြီးဌာနသည် မှန်ကန်သော သတင်းနှင့် အချက်အလက်များကို ရုပ်သံမီဒီယာနှင့် ပုံနှိပ်မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ဖြန့်ဝေပေးရုံသာမကသတင်းအဆိပ်သင့်ခြင်း  အန္တရာယ်ကို   ကာကွယ်သည့်အနေဖြင့်    MOI  Website,  Facebook  Page,    X(Twitter), Blog, Telegram, VK နှင့် You      Tube တို့မှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ    သတင်းမှန်များကို ထုတ်လွှင့် ပြန်ကြားပေး လျက်ရှိသည်။  MOI News  Application  ကို   Mobile  ဖုန်းများမှ အလွယ်တကူ တိုက်ရိုက်    ဝင်ရောက်ကြည့်ရှု အသုံးပြုနိုင်စေရန်လည်း   စီစဉ်ဆောင်ရွက်ထားသည်။  ဌာနတွင်း သတင်းစောင့်ကြည့်ရေးဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကို    လှုံ့ဆော်ပေးသည့် သတင်းတု၊ သတင်းမှားများကို ဖြန့်ဝေနေသည့် ပြည်တွင်း ပြည်ပ        သတင်းမီဒီယာများ၊ ဖွဲ့အစည်းများ၊        နိုင်ငံခြားံရုံးများနှင့်  လူပုဂ္ဂိုလ်များကို     စောင့်ကြည့်ဖော်ထုတ်၍    အဆိုပါ        သတင်းတုများကို မှန်ကန်သော သတင်း  အချက်အလက်များ ထုတ်ပြန်၍ တန်ပြန် အသိပေးဖြန့်ဝေလျက်ရှိသည်။  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သတင်း  ထုတ်ပြန်ရေးအဖွဲ့  ဖွဲ့စည်းထားရှိပြီး နေ့စဉ်ဖြစ်ပေါ်နေသော  သတင်းတု/သတင်းမှားများကို  အချိန်နှင့်တစ်ပြေးညီ  ရုပ်မြင်သံကြား၊  ရေဒီယို၊  သတင်းစာများ   နှင့်အွန်လိုင်းမီဒီယာမျိုးစုံက  သတင်းမှန်များကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ထုတ်လွှင့်ဖြန့်ချိလျက်ရှိသည်။ သတင်းမီဒီယာ

          ပတ်သက်ဆက်နွှယ်သည့်  ဥပဒေများ၊    အမိန့်နှင့် ညွှန်ကြားချက်များကို ခေတ်ကာလအခြေအနေများအပေါ်  မူတည်ပြီး ပြဋ္ဌာန်းထုတ်ပြန် ဆောင်ရွက်ထားသည်။    မီဒီယာနှင့်  သတင်းအချက်အလက်       သိနားလည်မှုနှင့် ပတ်သက်၍ ပြည်သူများ သိရှိလာစေရန် လူထုအခြေပြု မီဒီယာနှင့်   အခြေခံသင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားခြင်းနှင့် အသိပညာဖြန့်ဝေသည့်ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ ပွဲတော်များတွင်လည်း မီဒီယာနည်းလမ်း    အသွယ်သွယ်ဖြင့်   ဆောင်ရွက်လျက်     ရှိသည်။

(၇)  ဖိလစ်ပိုင် -  အွန်လိုင်းတွင် သတင်းမှားများပျံ့နှံ့မှုကို  တားဆီးရန် ရည်ရွယ်၍  ဆိုက်ဘာရာဇဝတ်မှု တားဆီးရေး ဥပဒေ(၂၀၁၂)တွင် သတင်းတုများဖြန့်ဝေခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုနိုင်သည့်       ဆိုက်ဘာအသရေဖျက်မှု ဆန့်ကျင်ရေး   ပြဋ္ဌာန်းချက်များလည်း  ပါဝင်သည်။   အင်တာနက်ပေါ်တွင် မှားယွင်းသော အကြောင်းအရာများ  ထုတ်ဝေခြင်းနှင့်ပျံ့နှံ့ခြင်းတို့ကို တားမြစ်သည့်ဥပဒေတွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် တရားဝင် ထုတ်ဖော်ပြောဆိုမှုကြား အနေအထားကို ဟန်ချက်ညီစေပြီး မှားယွင်းသော သတင်းအချက်အလက်များ အွန်လိုင်းပေါ်တွင် ပျံ့နှံ့မှုကို  တိုက်ဖျက်ပါသည်။

          ပြည်သူများ  သတင်းအချက်အလက်     ဝေဖန်အကဲဖြတ်နိုင်စွမ်းကို မြှင့်တင်ရန် အတွက် Google၊ Meta(Facebook)၊      Tiktok နှင့်  X(Twitter) ကဲ့သို့သော လူမှုမီဒီယာကုမ္ပဏီများနှင့် ပူးပေါင်းခဲသည်။ MIL for ASEAN Network၊    Philippine Association for Media    and Information Literacy (PAMIL) Philippine Association of Communication   Educators (PACE) အပါအဝင် အရပ် ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍   မီဒီယာသိနားလည် တတ်မြောက်မှုကို   မြှင့်တင်သည့်   အစီအစဉ်များကို     ဆောင်ရွက်၍ ပြည်သူများ ဝေဖန်ပိုင်းခြားတတ်သော အသိပညာများ ပေးခဲ့သည်။

          Sa True Lang ဟု အမည်ပေးထားသည့်ရုပ်မြင်သံကြားနှင့် ရေဒီယို ဟောပြောချက်    အစီအစဉ်အသစ်ကို ထုတ်လွှင့်၍ မီဒီယာတတ်မြောက်မှုကို မြှင့်တင်ရန်၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို   အားပေးရန်      ဆောင်ရွက်နေသည်။ တာဝန်သိ ဆိုရှယ်

          မီဒီယာအသုံးပြုမှုအတွက် ရှင်းလင်းသော  စံနှုန်းများကို  ချမှတ်ပေးမည့်  အစိုးရအေဂျင်စီများ အတွက် လူမှုမီဒီယာ လမ်းညွှန်ချက်များ လက်စွဲ စာအုပ်ကိုလည်း ထုတ်ဝေထားသည်။

(၈)     စင်ကာပူ - အများပြည်သူအကျိုးစီးပွားကို ဆန့်ကျင်သည့်   အွန်လိုင်းလိမ်လည်လှည့်ဖြားမှုမှ အကာအကွယ်ပေးသည့်   ဥပဒေ (Protection from Online False-        hoods and Manipulation Act, POFMA)         ကို သတင်းမှားများ ကိုင်တွယ်ဖြေရှင်းရန်အတွက် ပြဋ္ဌာန်းခဲ့သည်။ ဘဝအတွက် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု  မူဘောင်နှင့် အရင်းအမြစ်၊ နားလည်မှု၊ သုတေသနနှင့်        အကဲဖြတ်မှု စသည့် အချက်များသည် ၎င်းတို့   နိုင်ငံသားများအတွက် သတင်းအမှန်နှင့်     အမှားကို ွဲခြားနည်း အပါအဝင် မရှိမဖြစ်      လိုအပ်သော ဒစ်ဂျစ်တယ် အသိပညာနှင့်  ကျွမ်းကျင်မှုများပင်ဖြစ်ကြောင်း နားလည်လက်ခံ ကျင့်သုံးစေရန် ဆောင်ရွက်လျက်ရှိသည်။   စင်ကာပူသည်  AI  နှင့်     ထုတ်လုပ်လိုက်သော ်းမှားများနှင့် ပုံမှားရိုက်ခြင်း (Deepfakes) များအပေါ်စိတ်ပူလျက်ရှိပြီး   Generative AI ဖြင့်   ဖန်တီးထားသည့်သတင်းမှားများနှင့် Deepfakes များသည် မည်သူမဆိုဖန်တီး        ရန်လွယ်ကူပြီး ကုန်ကျစရိတ်သက်သာကာ အဆင့်မြင့်သောကြောင့် အမှား/အမှန်  ဝေခွဲရန် ခက်ခဲသည့်အတွက်   ၎င်းကို ကာကွယ်တားဆီးရန်   ဖြေရှာလျက်ရှိသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ    နှင့် စာတိုပေးပို့ခြင်း  App  များ  ပျံ့နှံ့မှု        များပြားလာခြင်းကြောင့် သတင်းမှားများ        ကို မကြုံစဖူး အမြန်နှုန်းိုင်းအတာဖြင့် ပျံ့နှံ့ နေသဖြင့် POFMA ဥပဒေသည်      စင်ကာပူနိုင်ငံအတွင်းရှိ ဆိုရှယ်မီဒီယာ သုံးစွဲသူများအနေဖြင့်  ပုံမှားရိုက်ခြင်း (Deepfakes) အပါအဝင် ဆိုးရွားပြီး အန္တရာယ်ဖြစ်စေသော သတင်းမှားများ အသုံးပြုခွင့်ကိုဖယ်ရှားရန်  သို့မဟုတ် ပိတ်ပင်ရန် အစိုးရကထိန်းချုပ် ဆောင်ရွက်သည်။  စင်ကာပူသည် AI ကဲ့သို့သော အွန်လိုင်းအန္တရာယ်များကို ကိုင်တွယ် ဖြေရှင်းရန်၊ ဆန်းသစ်သော ဖြေရှင်းနည်း များတီထွင်ရန်၊ အစိုးရ၊ စက်မှုလုပ်ငန်း၊   ပညာရှင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စုစည်းပြီး  ၂၀၂၄ ခုနှစ်    မေလတွင် Advanced Technologies    In Online Safety ကို စတင်ခဲ့ပြီး ငါးနှစ် အတွင်း ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

(၉)     ထိုင်း - ထိုင်းအမျိုးသား သတင်းဗျူရိုသည်       သတင်းတုများကို ိုင်တွယ်ဖြေရှင်းရန် အလယ်တန်းကျောင်းသား၊ ကျောင်းသူများ      အကြား မီဒီယာ သိနားလည်မှုကို မြှင့်တင်သည့် လှုပ်ရှားမှု များစွာကို အကောင်အထည်ဖော်ခဲ့သည်။  ထင်ရှားသော လှုပ်ရှားမှုတစ်ခုမှာ ၂၀၂၃ ခုနှစ်တွင်ကျင်းပသည့်       “Campaign for Creative and Media-  Literate Use of Media” ဖြစ်ပြီး လူငယ်        ကျောင်းသား၊    ကျောင်းသူများအား      ဒစ်ဂျစ်တယ်  တင်းအချက်အလက် အခင်းအကျင်းအတွက်  လိုအပ်သော     ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်စွမ်းရည်များ  မြှင့်တင်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ၎င်း  အပြင် ိုင်းအမျိုးသား သတင်းဗျူရိုသည် မီဒီယာသိ နားလည်မှုကို မြှင့်တင်ရန်နှင့်   ဆိုက်ဘာ ရာဇဝတ်မှုဆိုင်ရာ အသိပညာကို မြှင့်တင်ရန်   Tiktok   ကဲ့သို့သော နာမည်ကြီး ပလက်ဖောင်းများကို အသုံးချခဲ့သည်။  မိနစ် ၃၀ ရှိသော အွန်လိုင်း အစီအစဉ်တစ်ခုဖြစ်သည့် “ဒါဆို ဒါပါပဲ”        “So that’s how is It” သည် ပရိသတ် အများစုနှစ်သက်သည့်  ပုံစံဖြစ်သည့်အတွက်  သက်ဆိုင်ရာ အကြောင်းအရာများကို     ဟောပြောတင်ပြခြင်းဖြင့်  မီဒီယာသိနားလည်မှုကို  မြှင့်တင်နိုင်ပါသည်။ဆွေးနွေးပွဲများ၊  ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ  ကြိုးပမ်းမှုများကို နိုင်ငံခြားဆက်ဆံရေးဌာန  (PDR)  မှ   ဆောင်ရွက်ခဲ့သည်။  ဒစ်ဂျစ်တယ် ခေတ်တွင် ပျံ့နှံ့နေသော သတင်းမှားများကို တိုက်ဖျက်ရာတွင် ထိုင်းနိုင်ငံ၏ သတင်းတု    တိုက်ဖျက်ရေးဌာန (Anti- Fake News Center, AFNC)သည် အဓိကကျသည့် အဖွဲ့အစည်းဖြစ်သည်။ အဓိက ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ   အွန်လိုင်းလိမ်လည်မှုအတွက် တိုင်ကြားမှုစင်တာ(Online Fraud and Complaint Centre)၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဌာန(Anti-Online Scam Operation Centre)နှင့် ထိုင်းတော်ဝင် ရဲတပ်ဖွဲ့၏    သတင်းတု တိုက်ဖျက်ရေးနှင့် (Anti-Fake    News and Security Centre of the Royal  Thai Police)  ပါဝင်သည်။

(၁၀)  ဗီယက်နမ်  -   ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည်  သတင်းတုများနှင့်   လုပ်ကြံသတင်းများပျံ့နှံ့မှုကိုဖြေရှင်းရန် ဥပဒေမူဘောင်များ ချမှတ်   ခြင်း၊ လူမှုမီဒီယာ ပလက်ဖောင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများပြည်သူ အသိပညာပေး လှုပ်ရှားမှုများ   စသည့်ဘက်စုံချဉ်းကပ်နည်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။   အွန်လိုင်းပေါ်တွင်သတင်းမှားများ ပျံ့နှံ့မှုကို  တိုက်ဖျက်ရန် သတင်းတုများဖြန့်ဝေမှုကို ရာဇဝတ်မှုအနေဖြင့် သတ်မှတ်ပေးသော ရာဇဝတ်ကျင့်ထုံးဥပဒေ(၂၀၁၅)၊ ဆိုက်ဘာလုံခြုံရေး ဥပဒေ (၂၀၁၈)၊ အွန်လိုင်း သတင်းအချက်အလက်များကို  စီမံခန့်ခွဲခြင်း၊  ပံ့ပိုးခြင်းနှင့် အသုံးပြုခြင်းတို့အပေါ်  ထိန်းညှိသည့် အမိန့်အမှတ်များ၊ အနှောင့်အယှက် အွန်လိုင်းမက်ဆေ့များ၊    အီးမေး     များနှင့် ဖုန်းခေါ်ဆိုမှုများကို တားဆီးရန်အမိန့်၊ နိုင်ငံခြား        အရင်းအမြစ်များမှ သတင်းအချက်အလက်များ ဝင်ရောက်လာမှုကို စီမံခန့်ခွဲရန်ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော်ပြဋ္ဌာန်းချက်များအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားရှိသည်။ ဆိုရှယ်မီဒီယာ ပလက်ဖောင်း များနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ရာတွင် နိုင်ငံတော်        အစိုးရထံမှ မဟုတ်မမှန် သတင်းများကို ချက်ချင်းဖယ်ရှားရန် တရားဝင် တောင်းဆိုလာပါက အမြန်ဆုံးဖယ်ရှားရမည်ဖြစ်သည်။  သတင်းမှားဖြန့်ဝေသော အကောင့်တုများကို   ထပ်ဆင့်မပြန့်ပွားအောင် ပိတ်ပင်ရန် လိုအပ်ပါက ပိတ်ရမည်    ဖြစ်သည်။  ဗီယက်နမ်နိုင်ငံ၏ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်  Meta  ကဲ့သို့သော လူမှုမီဒီယာ ကုမ္ပဏီများမှ    ပံ့ပိုးပေးသော      အသိပညာပေး လှုပ်ရှားမှုများစွာကို ဆောင်ရွက်ခဲ့ပြီး    ၎င်းလှုပ်ရှားမှုများမှ တစ်ဆင့်    အွန်လိုင်းကို ဘေးကင်းစွာ အသုံးပြုနိုင်ရေး လမ်းညွှန်ချက်များ၊ Tiktok     လှုပ်ရှားမှုနှင့်  အွန်လိုင်းလိမ်လည်မှု ရှာဖွေခြင်းလှုပ်ရှားမှုများကို  ဖြန့်ဝေဆောင်ရွက်လျက် ရှိသည်။

ကာကွယ်ရေးတာဝန်

သတင်းတု/သတင်းမှားများ၏ အန္တရာယ်သည် တစ်ဦးတစ်ယောက်ချင်းစီသာမက မိမိနိုင်ငံ၏အချုပ်အခြာ ပိုင်ဆိုင်မှု အရာမှန်သမျှ   ထိခိုက်ပျက်ပြားနိုင်သောကြောင့် ပြည်သူတစ်ဦးချင်းစီမှ အမှားအမှန် ဝေဖန်ပိုင်းခြား သိရှိနိုင်စွမ်းရှိရေးသည် အရေးကြီးသော အချက်ဖြစ်ပါသည်။ သတင်းတု၊  သတင်းမှား၊  သတင်းလိမ်၊   လုပ်ကြံသတင်းများကို ယုံကြည်မိ၍  လိုက်ပါလုပ်ဆောင်မှုများကြောင့်  မိမိကိုယ်တိုင်၏ အကျိုးစီးပွားသာမက မိသားစု၊ ပတ်ဝန်းကျင်မှသည် မိမိတိုင်းပြည်နိုင်ငံအထိ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် အမျိုးသားရေးအသိ  အမျိုးသားရေးသတိဖြင့် သတင်းအချက်အလက်တိုင်းအပေါ်  ဆန်းစစ်ယုံကြည်   နားလည်လက်ခံောင်ရွက်နိုင်ကြခြင်းသည်  သတင်းတု၊  သတင်းမှားများ၏န္တရာယ်က ကာကွယ်နိုင်သည့် အဓိကတာဝန် တစ်ရပ်ဖြစ်ကြောင်း  တင်ပြလိုက်ရပါသည်။     ။