နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄)  သို့တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄)  သို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ၊  စက်တင်ဘာ ၁၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန စုပေါင်းခန်းမ၌ ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိ ကြီးများ၊ ဌာဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီး/ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့်တက်ရောက်ကြသည်။

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် လတ်တလော ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှုများ မြန်မြန် ဆန်ဆန် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်  အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(၂/၂၀၂၄) အစည်းအဝေးကို ကျင်းပခြင်းဖြစ် ကြောင်း၊ ရာဂိမုန်းတိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှဒေသနိုင်ငံများ ထိခိုက်ခံစားခဲ့ရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရာဂိ တိုက်ဖွန်းမုန်တိုင်း ဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခံစားခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုခံ စားနေရ သည့် ရေဘေးသင့်ပြည်သူများအတွက် စီမံခန့်ခွဲမှုကော်မတီနှင့် တိုင်းဒေ သကြီး/ပြည်နယ် စီမံခန့်ခွဲမှုအဖွဲများက လိုအပ်ချက်များကို လျှင်လျှင်မြန်မြန် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ တည်မြဲ အမိန့်တွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များက အဖွဲ့များဖွဲ့၍ စီမံဆောင်ရွက်သွား ရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုအပိုင်းတွင် အပိုင်း ၂ ပိုင်းရှိပြီး ယခုနှစ်မိုးရာ သီ အစောပိုင်းကာလ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် နယ်မြေဒေသတစ်ခု ချင်းအလိုက် မြစ်ရေကြီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများ၏ အစီအမံဖြင့် ဆောင်ရွက်ခဲ့သည့် ပုံစံမှာ လုပ်ငန်းဆောင် ရွက်မှု ပုံစံ(၁) Scenario-1ဖြစ်ပြီး ၎င်းမှ အန္တရာယ်သက်ရောက်မှု ပိုမိုကျယ်ပြန့်လာခြင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေ သကြီးများ၏ အရင်းအမြစ်များနှင့်  တုန့်ပြန်ရန် အကန့်အသတ်ရှိလာခြင်းနှင့် နယ်မြေတစ်ခုနှင့်တစ်ခု ချိတ်ဆက်ဆောင်ရွက်မှသာ ပိုမိုသက်ရောက်မှုရှိသည့်  အခြေအနေမျိုး၌ ပြည်ထောင်စုမှ အဓိကတာဝန် ယူဆောင်ရွက်ပေးရသည့် လုပ်ငန်းဆောင်ရွက်မှု ပုံစံ(၂) Scenario-2 ဖြင့်‌ ဆောင်ရွက်ရပါကြောင်း၊

ယခုဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရာဂိတိုင်ဖွန်းမုန်တိုင်း ကြီး သည် အားအလွန်ကောင်းစွာဖြင့် စက်တင်ဘာ ၇ ရက်တွင် တစ်နာရီလျှင် မိုင် ၁၃၀ အထိ တိုက်ခိုက်ခဲ့ရာ အဆိုပါ မုန်တိုင်းအရှိန်ကြောင့် အကြွင်းကျန်မိုးသားတိမ် တိုက်များသည် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသို့ပါ အဆင့်ဆင့်ရောက်ရှိပြီး မိုးရေးများ စံချိန်တင်ရွာသွန်းချင်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ထူးခြားချက်မှာ မြန်မာနိုင်ငံအနေဖြင့် ကျွင်းကျန်မိုးသား တိမ်တိုက်များ ရောက်ရှိချိန်တွင်  ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယနိုင်ငံအစပ်တွင် လည်း  စက်တင်ဘာ ၉ ရက် နှင့် ၁၀ ရက်တွင် အားကောင်းသည့် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ် ကြောင့် မိမိတို့နိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုးရွာသွန်း မှုပိုမို များပြားခဲ့ရကြောင်း၊ အထူးသဖြင့်  နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း စံချိန်တင်မိုးရာသွန်းမှုများ မှတဆင့်   နဝင်းချောင်း၊ မုန်ချောင်းနှင့် ကင်းသာချောင်တို့၌ တောင်ကျရေများ၊ မြေပြိုမှုမှ သစ်ပင်အမှိုက်သရိုက်နှင့် နှုန်းမြေများ အမြောက်အများစီးဆင်းရာမှ မကြုံစဖူး  ရေကြီး ရေလျှ့မှုများဖြစ်ပွားခဲ့ကြောင်း။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း   ရာဂိမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ခံစားခဲ့ရပြီး ဘေးအန္တရာယ်သက်ရောက်မှု ဧရိယာမှာ  ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခုတွင် ကျယ်ပြန့် စွာသက်ရောက် လာသည့်အတွက် ဆောင်ရွက်မှုပုံစံ Scenario-2 ဖြင့် စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre) ဖွင့်လှစ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၃ ရက်တွင် ဒုတိယဥက္ကဋ္ဌများ ဦးဆောင်သည့်  DMC အစည်းအဝေးကို ကျင်းပကာ  ဆုံးဖြတ်ချက် များချမှတ်ကာ ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်တင်ဘာ ၁၄ ရက်တွင် နေပြည်တော် ကောင်စီ နယ်မြေ၌ မိမိဦးဆောင်ပြီး DMC အစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၌ အရေးပေါ် ကျင်းပပြီး လုပ်ငန်းများ ဆောင်ရွက်ရန်ညှိနှိုင်းပေါင်စပ်၍ လိုအပ်သည် များ မှာကြားခဲ့ကြောင်း။

နေပြည်တော်ကောင်စီနယ်မြေတွင် စက်တင်ဘာ ၁၂ ရက် ရေကျချိန်မှ စ၍ သန့်ရှင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများက ကူညီ ကယ်ဆယ်ရေး၊ သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။

ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများက သက်ဆိုင် ရာအဖွဲ့အစည်းနှင့် တာဝန်ရှိသူများက ရေကြီးရေလျှံနေသည့်နေရာများအား ခက်ခက်ခဲခဲဖြင့် သွားရောက် ဆောင်ရွက်ခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍  စက်တင်ဘာ ၁၅ ရက်နေ့တင်ပြမှုအရ တိုင်းဒေသ ကြီးနှင့် ပြည်နယ်  ၇ ခုရှိ မြို့နယ် ၆၉ မြို့နယ်တွင် သေဆုံးမှုအနေဖြင့် နေပြည်တော်တွင် ၄၇ ဦး၊ ကရင်ပြည်နယ်တွင် ၅ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၆ ဦး၊ ရှမ်းပြည်နယ်တွင် ၄၃ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၁ ဦး ရှိနေသည်ဟု သိရှိရကြောင်း၊ ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပျက်စီးမှု၊ သေဆုံး ပျောက်ဆုံးမှုများကို အတည်ပြု ထုတ်ပြန် သွားရန်လိုကြောင်း၊  တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၉ ခုတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၃၈၈ ခုဖွင့်လှစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ပြီးအဟာရပြည့်ဝသည့် စားရေး၊ သန့်ရှင်းသောသောက်သုံး ရေရရှိရေး၊ ကျန်းမာရေးနှင့် အဝတ်အထည်ရရှိရေးတို့ကို တာဝန်ရှိသူများနှင့် အလှူရှင် များက လှူဒါန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် မအားလတ်သည့်ကြားမှ စက်တင်ဘာ ၁၂ ရက်မှ စ၍  နေပြည်တော်ကောင်စီနယ် မြေရှိ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် နယ်မြေများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ် ချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ဆည်မြောင်းတာတမံများနှင့်စပ်လျဉ်း၍ ပြည်သူများအား စိုးရိမ်ပူပန်မှုမရှိစေရန် အသိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ပေးရန်၊  ရေကြီးရေ လျှံမှု ဖြစ်ပွားနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွေ့ပြောင်းနိုင်ရေးညွှန်ကြားခဲ့သည့်အတွက်  ပဲခူးတိုင်း ဒေသကြီး စစ်တောင်မြစ်ဝှမ်းဒေသရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင် ရွေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စီမံခန့်ခွဲမှုအဖွဲ့များ အနေဖြင့် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ရာတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အဟာရဖြစ်စေမည့် အစား အသောက်များရရှိရေးအတွက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ရေဘေးဖြစ် ပွားခဲ့သည့် ဒေသများတွင် ယာယီပိတ် ထားရသည့် ရုံးဌာနများ၊ စာသင်ကျောင်း များနှင့် ဆေးရုံများကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် အလှူငွေများနှင့် ပစ္စည်းများကို စနစ်တကျ စီမံဆောင်ရွက်ထားရမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူ များကိုမျှမျှတတရရှိစေရေး ဖြန့်ခွဲပေးရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အလှူရှင် များ မရောက်နိုင်သည့် အချို့ရေဘေးသင့်ယာယီ ကယ်ဆယ်ရေးစခန်းများ အပါ အဝင် ယာယီသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းများသို့လည်း ကျန်းမာ ရေးနှင့်ညီညွတ်သည့် အ‌ခြေခံအစား အစာ ၅ မျိုးနှင့်  သောက်သုံးရေရရှိရေးအတွက် ပို့ဆောင်ပေးလျက်ရှိကြောင်း။

ရေဘေးသင့်ဒေသများရှိ ပြည်သူများအား သက်ဆိုင်ရာဒေသအလိုက် ဖွဲ့စည်း ထားသည့် စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်အားပေးစကား ပြောကြားပြီး လိုအပ်ချက်များကို အဓိကထား၍ ပံ့ပိုးပေးသွားရမည် ဖြစ်ကြောင်း၊ ဆည်မြောင်းတာတမံများနှင့် စပ်လျဉ်း၍ ပြည်သူများစိုးရိမ်ပူပန်မှု မရှိစေရေး ရှင်းလင်းပြောကြားရန်လိုကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးနှင့် ပတ်သက်၍ အတွေ့အကြုံရှိပြီးဖြစ် သည့်အတွက် နောက်ဆက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကောင်းဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဝိုင်းဝန်းဆွေးနွေး ပေးကြရန်လိုကြောင်း၊ မိုခါ မုန်တိုင်းဖြစ်ပွားစဉ်က လုပ်ငန်းကော်မတီ ၁၂ ရပ်ကို ဖွဲ့စည်းပြီး အကောင်းဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်သကဲ့သို ယခုဖြစ်စဉ်တွင်လည်း လိုအပ်သည့် ကော်မတီ များဖွဲ့စည်းပြီး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံပိုင်ရုံးဌာနအဆောက်အဦများ ပျက်စီးဆုံးရှုံးမှု၊ လူနေအိမ်များနှင့် အခြား အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု၊ လယ်ယာမြေများ ရေကြီးနစ်မြှုပ်မှုနှင့် တိရစ္ဆာန်သေဆုံးမှုတို့ကို စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းပြီး ပျက်စီးဆုံးရှုံးမှု များကို မှန်မှန်ကန်ကန်ကောက်ယူနိုင်မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတကာအကူအညီအနေဖြင့် မြန်မာနိုင်ငံအပေါ် နှောင်ကြိုးမဲ့ဆောင် ရွက်ကူညီခဲ့မှုများရှိပါကြောင်း၊ ယခုလည်း အာဆီယံကပေးပို့မည့် လူသားချင်းစာ နာမှု အကူအညီတစ်ချို့ ရောက်ရှိတော့မည်ဖြစ်ပြီး AHA Center မှ နိုင်ငံတွင်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (In-Country Liaison Team – ICLT) ကလည်း  မြန်မာနိုင်ငံကို လာရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် ထုတ်ပြန်ရေးနှင့် နိုင်ငံတကာအကူအညီများ တိုးတက်ရရှိရေးအတွက် ပူးပေါင်း ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးတွင်   သက်ဆိုင်ရာလုပ်ငန်းကော်မတီများနှင့် တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများအပေါ် လက်တလောဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက် လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ထိထိမိမိဆွေးနွေး ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဒေါက်တာစိုးဝင်းတို့က ရာဂိမုန်တိုင်းဒဏ်ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတို့တွင် လူနှင့် တိရစ္ဆာန်များ သေဆုံးပျောက်ဆုံးခဲ့မှု အခြေအနေ၊ ရုံးဌာနအဆောက်အဦများ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် လမ်းတံတားများ၊ ရာသီသီးနှံ စိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေ၊ ပျက်စီး၊ သေဆုံးပျောက်ဆုံး မှုများနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းကာ စာရင်းကောက်ယူလျက်ရှိသည့် အခြေအနေများ၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။

 ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးကြည်က အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၊ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှုနှင့် ရန်ပုံငွေ ရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများနှင့် ကူညီကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည့် အစီအမံများ၊ အလှူငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ သက်ဆိုင်ရာ ရေဘေးသင့် ပြည်သူများသို့ စနစ်တကျ ဖြန့်ခွဲထောက်ပံ့ပေးသွားမည့်ကိစ္စရပ်များ၊  ပျက်စီးဆုံးရှုံး ခဲ့ရသည့် စိုက်ဧကများအတွက် ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများ ပြန်လည် အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေး သွားမည့် အစီအမံများ၊ သတင်းအချက်အလက်နှင့် နည်းပညာဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်  သဘာဝဘေးအန္တရာယ်များအား အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြ ကြသည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ထူးခြားမိုးလေဝသ အခြေ အနေဖြစ်ပွားခဲ့မှုနှင့် လာမည့် ၁၀ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် အားကောင်းသော မုန်တိုင်းငယ် နှင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သော တိုက်ဖွန်းမုန်တိုင်း ရာဂိအရှိန်ကြောင့် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှအပ နေပြည်တော် ကောင်စီနယ်မြေနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးသေဆုံးမှုအနေဖြင့် စက်တင်ဘာ ၁၅ ရက် စာရင်းဇယားများအရ နိုင်ငံအဝှမ်း၌ မြို့နယ် ၆၉ မြို့နယ်မှ လူနေအိမ် ၁၀၈၃ လုံး၊  ရုံးဌာနအဆောက်အဦ ၁၄၆ လုံး၊ စာသင်ကျောင်း ၁၀၂၃ ကျောင်း၊ ဘာသာရေးကျောင်း ၃၈၂ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၇၇ ခု၊ လျှပ်စစ်မီးတိုင် ၉၆၃ တိုင်၊ ဆက်သွယ်ရေးတိုင် ၈၂ တိုင် ထိခိုက်ပျက်စီးခဲ့ကာ  သေဆုံးသူ ၁၇၂ ဦး၊ မျောပါပျောက်ဆုံးသူ ၃၈ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၀၅၃၈၈ ကောင်၊  ရှိကြောင်း ကနဦးသိရှိရပြီး ရေဘေးသင့်ဒေသများသို့ လိုအပ်သည့် ကူညီကယ် ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee)ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Dates: 
Monday, September 16, 2024 - 17:47