နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ - ၁၆

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသ ကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး‌ပြောကြားသည်။

ညောင်ဦး ခရိုင်ဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြ

          ဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း က ညောင်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ဌာနဆိုင်ရာအလိုက် လုပ်ငန်းတာဝန်များထမ်းဆောင်လျက်ရှိမှု၊ မြေအသုံးချမှု၊ မိုးရွာ သွန်းမှုနှင့် မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ရာသီအလိုက် သီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ ဆီထွက်သီးနှံများအား အထူးဇုန်များဖြင့် စိုက်ပျိုးလျက် ရှိမှု၊ ဒေသတွင်းဆန်နှင့် ဆီဖူလုံမှု၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေများထုတ်ချေးပေးထားမှုနှင့် ပြန်လည်ပေးဆပ်မှု၊ ဆည်တာ တမံများတည်ရှိမှု၊ သောက်သုံးရေလုံလောက်စွာရရှိရေးဆောင်ရွက်ပေးထားမှု၊ စက်မှုကုန် ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်မှု၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိမှု၊ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ စာကြည့် တိုက်များ ဖွင့်လှစ်ပေးလျက်ရှိမှု၊ လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိမှု၊  ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်နယ်မြေအတွင်းရှိ ရေကန်များ အတွင်းရေဝင်ရောက်မှု၊ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းအဆောက်အဦတစ်ချို့ ထိခိုက်ခဲ့ မှုအခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။

          ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးမျိုးအောင်က ညောင်ဦးခရိုင် အတွင်း သီးနှံများ ပန်းတိုင်ရည်မှန်းချက်များပြည့်မီရေး ဆောင်ရွက်လျက်ရှိမှု၊ နှစ်ရှည် သီးနှံပင်များစိုက်ပျိုးထားရှိမှု၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်းစဉ်ကူးပြောင်းမှုမြင့်မားရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသထုတ်ကုန်များဖြင့် MSME လုပ်ငန်းများတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေ အနေများနှင့်ပတ်သက်၍ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးများမှ ပြန်လည်ဆွေးနွေး

          ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးတင်ဦးလွင်၊ ဦးလှမိုးနှင့် ဦးမျိုးသန့်တို့က ညောင်ဦးခရိုင်အတွင်း ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ရှေးဟောင်းရေကန်များ ပြန်လည်တူး ဖော်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှုနှင့် ပုဂံညောင်ဦးဒေသအတွင်း လမ်းအဆင့်မြှင့် တင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လမ်းများကိုလမ်းအင်္ဂါရပ်များနှင့်ညီစေရန် နှင့် လမ်းညွှန်အမှတ်အသားများ စနစ်တကျဆောင်ရွက်ရန်လိုအပ်မှု၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ စေတီပုထိုးများရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှုများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင် သာယာရေးဝန်ကြီးက ညောင်ဦးမြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှု၊ လူသွားလမ်းများ စနစ်တကျရှိစေရေး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်း လင်းတင်ပြကြသည်။

          တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လမ်းများဖောက်လုပ်ရာတွင် လမ်းဘေးဝဲယာ ရေစီးရေလာကောင်းမွန် စေရေးရေနုတ်မြောင်းများကို ထည့်သွင်းတည်ဆောက်ထားရှိရန်လိုကြောင်း၊ ရေနုတ် မြောင်းများမရှိခြင်းကြောင့် မိုးရွာသွန်းချိန်တွင် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများပေါ်၌ သဲနုန်းများတင်လျက်ရှိကြောင်း၊ ယခင်နှစ်က မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့စဉ် တွေ့ကြုံခဲ့ရသည်များကို သင်ခန်းစာယူ၍ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက် ခြင်း၊ ရေကန်များ ပြန်လည်ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် ယခုရက်ပိုင်း အတွင်း နိုင်ငံအဝန်းမိုးများ သည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့စဉ် ညောင်ဦးခရိုင်အနေဖြင့် ထိခိုက်မှုအနည်းငယ်သာရှိခဲ့သည်ကိုတွေ့ရကြောင်း၊ အလား တူ လမ်းညွှန်အမှတ်အသားများကိုလည်း သတ်မှတ်ထားသည့် အင်္ဂါရပ်များအတိုင်း စနစ်တကျဖြင့်ဆောင်ရွက်ထားရှိရန်လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးမှာကြား

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဒေသအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ကိုပေးအပ်ထားသည့် တာဝန်များကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင် ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့်  မူဝါဒများ၊ အမိန့်နှင့်ညွှန်ကြား ချက်များအပေါ် တိကျစွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့လုပ်ငန်းတာဝန်နှင့်ပတ်သက်၍ သိရှိအောင် အမြဲလေ့လာဆောင်ရွက်ပြီး မိမိတို့ တာဝန်ယူထားရသည့် လုပ်ငန်းတာဝန်လိုက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် နေထိုင်လုပ် ကိုင်ဆောင်ရွက်နိုင်မှုရှိရမည်ဖြစ်ကြောင်း။

          ဒေသ၏ ပညာရေးပိုင်းနှင့်ပတ်သက်၍ စာရင်းဇယားများအရ ညောင်ဦးခရိုင် အတွင်း လူဦးရေ ၅ သိန်းကျော်ခန့်ရှိသည်ကိုတွေ့ရှိရသော်လည်း ကျောင်းသား၊ ကျောင်းသူများမှာ လူဦးရေ၏ ၁၇ ရာခိုင်နှုန်းကျော်သာရှိသဖြင့် ရာခိုင်နှုန်းနည်းပါး ကြောင်း၊ အထက်တန်းအဆင့်အထိ တက်ရောက်သည်မှာ ၁၂ ဒသမ ၈၈ ရာခိုင်နှုန်း အထိသာရှိသဖြင့် တန်းစဉ်ကူးပြောင်းမှုများသည်လည်းနည်းပါးနေကြောင်း၊ ထို့ကြောင့် ညောင်ဦးခရိုင်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအားပေး ဆောင်ရွက်ကြရန် လိုကြောင်း၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟူသည့်အတိုင်း ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများအောက်တွင် အများဆုံးနေရပြီး ကျောင်းစည်းကမ်းများကို လိုက်နာရကြောင်း၊ အထက်တန်းပညာ အထိ သင်ကြားခဲ့ရသည့် ကျောင်းသားများနှင့် မူလတန်း ပညာအထိသာသင်ကြား ခဲ့ရသည့် ကျောင်းသားများ၏ စည်းကမ်းလိုက်နာမှုများမှာ တူညီမှုမရှိနိုင်ကြောင်း၊ ထို့ ကြောင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံး အနည်းဆုံး KG + 9 အထိ မဖြစ်မနေသင်ကြားထားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေအရ ပညာခေတ်၊ IT နည်းပညာ၊ AI နည်းပညာ ခေတ်တွင် လူတိုင်း အလယ်တန်းအဆင့်အထိ ပညာတတ်မြောက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ညောင်ဦးခရိုင်အတွင်း ပညာရေးကို အားပေးဆောင်ရွက်ကြစေရေး တာဝန် ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အသိပညာပေးခြင်း၊ ထိန်း ကြောင်းတည့်မတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ပညာတတ်မှသာ အတွေးအခေါ်များ ကောင်းမွန်တိုးတက်လာပြီး စဉ်းစားဆင်ခြင်တုံတရားများလည်း မြင့်မားလာမည်ဖြစ်ကြောင်း။

ဒေသ၏ ပညာရည်မြင့်မားရေး

          ထို့ပြင် ပညာရေးအားပေးရမည်ဖြစ်သကဲ့သို့ စာဖတ်ရန်လည်းလိုအပ်မည်ဖြစ် သဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ကို နိုင်ငံတော်အနေဖြင့်မူဝါဒအဖြစ်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စာကြည့်တိုက် များဖွင့်လှစ်ခြင်းဖြင့် ပညာသင်ကြားခြင်းမပြုနိုင်တော့သည့် အရွယ်သို့ရောက်ရှိနေသူ များအနေဖြင့် ဘဝတိုးတက်ရေးအတွက်သိရှိရန်လိုအပ်သည့် အသိပညာများ၊ အတတ် ပညာများကို လေ့လာဆည်းပူးနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၌ စာကြည့်တိုက်များဖွင့်လှစ်ခြင်းဖြင့်လည်း ကလေးငယ်များ၏ စာဖတ်ခြင်း အလေ့ အကျင့်ကောင်းနှင့် စာဖတ်စွမ်းအားများတိုးတက်လာပြီး ဗဟုသုတအသိအမြင်များပိုမို သိရှိလာမည်ဖြစ်ကြောင်း၊ ပညာရည်မြင့်မားရေးသည် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နိုင်ရေး ပုံဖော်နေခြင်းပင်ဖြစ်ကြောင်း၊  ထို့ကြောင့် ဌာနဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်နေရသည့်ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူများစွာဖြစ်စေနိုင်မည့် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွား ကြရန် မှာကြားလိုကြောင်း။

စိုက်ပျိုးရေး

          ညောင်ဦးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြချက်များ အရ ပန်းတိုင်ရည်မှန်းချက်များပြည့်မီရန်လိုအပ်နေသေးသည်ကို တွေ့ရှိရကြောင်း၊ မိမိ တို့စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်မည်ဆိုပါက ဒေသအတွင်း ဖူလုံမှုများတိုးတက်လာမည်ဖြစ်ကြောင်း၊ အထွက်နှုန်းတိုးတက်ရေး၊ ပန်း တိုင် ရည်မှန်းချက်ပြည့်မီရေးတို့အတွက် မျိုးကောင်းမျိုးသန့်များရရှိရန်လိုသကဲ့သို့ မြေ ပြုပြင်ခြင်းနှင့်ပတ်သက်၍လည်း မြေဩဇာထည့်သွင်းခြင်းအပါအဝင် သွင်းအားစုများ အလုံအလောက်စိုက်ထည့်ရမည်ဖြစ်ကြောင်း၊ မြေဩဇာနှင့်ပတ်သက်၍ သစ်စိမ်းမြေဩ ဇာကို စိုက်ပျိုးဆောင်ရွက်၍ ရသကဲ့သို့ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင် ရွက်ခြင်းဖြင့်လည်း ဇီဝမြေဩဇာကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ကို ရာသီမရွေးဆောင်ရွက်နိုင်ရန်အတွက် မြစ်ရေတင်လုပ်ငန်းများဖြင့် ရေတင်ဆောင် ရွက်နိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင် စီမံကိန်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် လိုအပ်သည်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည် ဖြစ်သော်လည်း ဥစ္စာရင်းလို၊ ဥစ္စာရင်းခဲ ဟူသည့်စကားနှင့်အညီ မိမိတို့ကိုယ်တိုင်လည်း အားစိုက်ထုတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စေ ရေးအခြေခံနည်းလမ်းလေးသွယ်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ကို စနစ်တကျဖြင့် ဆောင်ရွက်သွားမည်ဆိုပါက အထွက်နှုန်းများ ပိုမိုတိုးတက်ရရှိလာမည်ဖြစ်ကာ တောင်သူများအနေဖြင့်လည်း ဝင်ငွေပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒေသခံများ ဝင်ငွေ ကောင်းမွန်မည်ဆိုပါက ဒေသတွင်းလည်ပတ်ငွေအားကောင်းလာပြီး ဒေသ၏ စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း။

ဒေသ၏ ရှိရင်းစွဲဆုလာဘ်တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး

ထို့ပြင် ညောင်ဦးခရိုင်အနေဖြင့် ဒေသ၏ ရှိရင်းစွဲဆုလာဘ်တစ်ခုဖြစ်သည့် ပြည် တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများမှလည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ မိမိတို့တွင်ပိုင်ဆိုင်ထားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များ၊ အလှအပများကိုလာရောက်လေ့လာခံစားကြသည့် ခရီးသွားများ၏ တည်းခိုနေ ထိုင်ရေး၊ စားသောက်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့ ဆောင် စီမံဆောင်ရွက်ဆွဲဆောင်ခြင်းအားဖြင့် မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ် ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ အိမ်သာမှဧည့်လာမည် ဖြစ်သည့်အတွက် ဒေသတွင်း သာ ယာလှပရေး၊ မျက်စိပသာဒဖြစ်ဖွယ်ပတ်ဝန်းကျင်နှင့် စိမ်းလန်းစိုပြေသည့်မြင်ကွင်းများ ရရှိခံစားနိုင်ရေး၊ ဒေသထွက်စားသောက်ကုန်ပစ္စည်းများ အဆင့်မီကောင်းမွန်စေရေး၊ အဆင့်မီသည့်တည်းခိုနေထိုင်မှုစနစ်ရှိစေရေး ဖော်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ စေတီပုထိုးများနှင့်ပတ်သက်၍လည်း ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာ စွာဖြင့် သွားလာမြင်တွေ့ဖူးမြင်နိုင်ရေး စနစ်တကျစီမံထားရှိရန်လိုကြောင်း။

မြေယာစီမံခန့်ခွဲမှုများ စနစ်တကျဖြစ်ရန်လို

ဒေသရှိ မြေလွတ်မြေရိုင်းများ၊ လယ်ယာမြေများ၊ ရှေးဟောင်းမြေများ စီမံခန့်ခွဲမှု များနှင့်ပတ်သက်၍လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့နှင့်အညီ ဖြစ်ရန်လိုကြောင်း၊ မြေနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့မြေများ တိုးချဲ့ရာ တွင်လည်း Town Plan များစနစ်တကျရေးဆွဲပြီး စည်းကမ်းနှင့်အညီ တင်ပြပြီးမှသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပုဂံညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်မြေများရှိသည့်အတွက် မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်း ကြောင့် ဒေသ၏ ဖူလုံရေးကို ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စနစ်တကျကြပ်မတ်ဆောင် ရွက်သွားရန်လိုကြောင်း၊ ဒေသရှိ မြေများကို အကျိုးရှိရှိ အသုံးချရန်လိုပြီး Town Plan များ စနစ်တကျရေးဆွဲ၍ ဆောင်ရွက်ရန်လိုကြောင်း၊ Town Plan ရေးဆွဲရာတွင်လည်း ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ ရုံး ဌာန   အဆောက်အဦများ၊ အပန်းဖြေနေရာများကို စနစ်တကျထည့်သွင်းနိုင်ရေး အချိန် ယူဆွေးနွေးတိုင်ပင်၍ တွက်ချက်ရေးဆွဲသွားရန်လိုကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေသို့လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုတိုးတက်စေရေး အတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင်တင်နိုင်ရေးဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန် ရှိသူများအနေဖြင့် အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ချက်ဆောင်ရွက်နေရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပုဂံညောင်ဦးဒေသ၏အခြေအနေအရပ်ရပ်မှာ တိုး တက်လာမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယွန်းပညာကောလိပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များ သည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ယွန်းပညာကောလိပ် သို့ သွားရောက်၍ ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယွန်းပညာကောလိပ်၏ အဓိက လုပ်ငန်း တာဝန်များ၊ ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိမှု၊ NSSA (National Skills Standards Authority) အသိအမှတ်ပြု ယွန်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း အဆင့်ဆင်ဆောင်ရွက်မှု၊ စာကြည့်တိုက်များ ဖွင့်လှစ် ထားရှိမှု၊ အိပ်ဆောင်များ၊ ယွန်းနည်းစဉ်ခန်းမ၊ ယွန်းပြတိုက်၊ ယွန်းလက်မှုအရောင်းဆိုင် များ ဖွင့်လှစ်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ယွန်းပညာကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က ယွန်းပညာသင်ကြားမှုအခြေအနေများ၊ ပြည်ပနိုင်ငံများရှိ ကျောင်းများ၌  ယွန်းအတတ်ပညာသင်ကြားနေမှုများနှင့် ပြည်ပမှပညာရှင်များမှ လာရောက်ပို့ချခြင်းများ ဆောင်ရွက်လျက်ရှိမှု၊ ယွန်းပညာရပ်နှင့်ပတ်သက်၍ လုပ်သားရှားပါးမှုဖြစ်ပေါ်လာမှု၊ ယွန်းပညာကောလိပ်ဖြစ်ပေါ်လာမှုတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယွန်းပညာရပ်နှင့်ပတ်သက်၍ မှေးမှိန်ပပျောက်မသွားစေရေး စဉ်ဆက် မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ယွန်းနည်းစဉ်ခန်းမအတွင်း သင်တန်းသား၊ သင်တန်းသူများ၏ ဝါး၊ အနက်ထည်၊ ကညစ်၊ ရွှေဇဝါယွန်း၊ သားရိုးပန်းကြွ စသည်ဖြင့် ယွန်းနည်းစဉ် အဆင့် ဆင့်အားလက်တွေ့ဆောင်ရွက်နေမှုများကိုလှည့်လည် ကြည့်ရှုလေ့လာရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ယွန်းပြတိုက်အတွင်း အထူးပြခန်း၊ ယွန်းပစ္စည်းပြုလုပ်ပုံ အဆင့်ဆင့် ပြခန်း၊ နိုင်ငံတကာ ယွန်းပစ္စည်းပြခန်း၊ လူမှုရေးအသုံးအဆောင် ပစ္စည်းပြခန်း တို့တွင် ခင်းကျင်းပြသထားသည့် ယွန်းထည်များအား ပြခန်းတစ်ခုချင်းစီအလိုက်ခင်းကျင်းပြသ ထားမှုများကို  စိတ်ဝင်တစား လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းမှုများ အပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး မိမိတို့နိုင်ငံမှ ပြုလုပ်သည့် ယွန်းထည်ပစ္စည်းနှင့် စဉ့်ထည်ပစ္စည်းများသည် နာမည်ကောင်းရရှိပြီးဖြစ်သည့် အတွက် ယင်းပညာရပ်များ မပျောက်ပျက်သွားစေရေး ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်း သွားကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း လိုအပ်သည့် ထောက်ပံ့ မှုများဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  ယွန်းပညာကောလိပ် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးပြီး  ယွန်းပညာကောလိပ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ချီးမြှင့်ငွေများပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားစေတီပုထိုးများ ထိန်း သိမ်းထားရှိမှု၊ မြကန်ရေလှောင်တမံအပါအဝင် ရှေးဟောင်းကန်များအတွင်း ရေများ ဝင်ရောက်လျက်ရှိမှုနှင့် ပုဂံညောင်ဦးဒေသအတွင်း စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပုဂံ-ညောင်ဦး-ပျော်ဘွယ်ဒေသတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်း များ ဖြစ်ထွန်းလျက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုအား ကြည့်ရှုစစ်ဆေး

ဆက်လက်ပြီး တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက် ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် စက်တင်ဘာလ(၁၀)ရက် နေ့မှစတင်၍ နေရာအနှံ့အပြား မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်း ရေနှင့် မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ မြို့နယ်အချို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှု၏ ရေစီးဆင်းရာ အစဖြစ်သည့် ရှမ်းကုန်းပြင်မြင့်နှင့် ဆက်စပ်တောင်ကုန်းတောင်တန်းများပေါ်မှ ရေများ စီးဆင်းတိုက်စားခဲ့မှုကြောင့် တောင်ပြို၊ မြေပြိုမှုများဖြစ်ပေါ်နေမှု၊ အဆိုပါ တောင်ကုန်း တောင်တန်းများပေါ်မှ ဖြတ်သန်းစီးဆင်းလာသည့် တောင်ကျချောင်းရေများသည် မုန်ချောင်း၊ နဝင်းချောင်း၊ ကင်းသာချောင်းတို့နှင့် ၎င်းချောင်းများအားလုံးစုစည်း၍ စီး ဝင်ရာ ဆင်သေချောင်းတစ်လျှောက်တို့၌ တောင်ကျချောင်းရေအရှိန်အဟုန်ဖြင့် စီးဆင်း ခဲ့မှုကြောင့် ရေတိုက်စားရာလမ်းကြောင်းကြီးများဖြစ်ပေါ်နေမှုနှင့် ရေပြန်လည်ကျဆင်း သွားပြီးနောက် သဲနုန်းများ၊ အပျက်အစီးများ ဖြစ်ပေါ်ကျန်ရှိနေမှု၊ စိုက်ဧက အများ အပြားပျက်စီးခဲ့မှုနှင့် ရေစီးဆင်းရာလမ်းကြောင်းနှင့် နီးစပ်သည့် အချို့သော ကျေးရွာ များ ရေဖုံးလွှမ်းခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ရဟတ်ယာဉ် ပေါ်မှ အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရ မည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။

Dates: 
Monday, September 16, 2024 - 21:13