ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ကလေးတိုင်း ကျောင်းတက်နိုင်ရေးအတွက် နိုင်ငံတော်က ကျောင်းသုံး စာအုပ်တစ်စုံနှင့် ဝတ်စုံတစ်စုံ ပံ့ပိုးမှုဖြင့် မလုံလောက်ပါ၊ ရေရှည်အတွက် မိဘများ၏ စားဝတ်နေရေးကို မြှင့်တင်မှရပါမည်။ မိဘများ၏ စီးပွားရေး အဆင်ပြေစေရန် ကျေးလက်များ၊ နယ်မြို့များတွင် ရေရရှိရေးနှင့်လျှပ် စစ်ဓာတ်အားရရှိရေး၊ စက်ရုံအလုပ်ရုံများ အမြန်ဆုံးပေါ်ပေါက်လာရေး မှာ အရေးတကြီးလိုအပ်ချက်ဖြစ်နေသည်။

မိမိတို့နိုင်ငံ၏ ရေရရှိရေးမှာ မုတ်သုံကိုအခြေပြုနေသည်။ မုတ်သုံကြောင့်ရရှိလာမည့်ရေကို မုတ်သုံမရှိ တော့သည့်ကာလ ရှစ်လခန့်အသုံးပြုနိုင်ရန် သင့်လျော်သည့်နည်းဖြင့် စုဆောင်းထားမှ ဖြစ်သည်။ သင့်လျော် သည့်နည်းထဲတွင် ရေလှောင်တမံများ တည်ဆောက်မှု၊ ရေလွှဲဆည်များ တည်ဆောက်မှု၊ ရေကန်များ တူးဖော်စုဆောင်းမှုစသည့် နည်းမျိုးစုံပါဝင်သည်။

အီဂျစ်ကဲ့သို့သော သဲကန္တာရ ၉ဝ ရာခိုင်နှုန်းကျော်ရှိသော နိုင်ငံကဲ့သို့ မိမိတို့နိုင်ငံ၏ အခြေအနေမှာ မဆိုးသေးပါ။ နေရာအနှံ့စိုက်ပျိုးစရာမြေ များရှိနေသည်။ သို့သော် ရေလိုနေသည့် ဒေသများစွာ ရှိနေသည်။ မိမိတို့နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲရေကို အထိရောက်ဆုံးအသုံးပြုပြီး လယ်ယာ စိုက်ပျိုးရေး ကိုအခြေခံသော စက်မှုနိုင်ငံသို့ တက်လှမ်းရေး ကြိုးပမ်းနိုင်ကြပါစေ။ ရေအားကိုအသုံးချ၍ ဈေးနှုန်း သက်သာသော ဓာတ်အားများ ပိုမိုဖြန့်ဖြူးနိုင်ပါစေ။ နွေရာသီ ရေချိုရှားပါးသောဒေသများသို့ ရေပေးဝေ နိုင်ကြပါစေ။ နှစ်စဉ်ရေကြီးရေလျှံဖြစ်နေသော မြစ်ဝှမ်းများတွင် မဟာ ဗျူဟာမြောက် စီမံချက်များ ချမှတ်၍ ရေဘေးကာကွယ်ရေးကြိုတင်ဆောင် ရွက်နိုင်ကြပါစေ။

အခန်း(၅)

ပြန်လည်ပြည့်ဖြိုးမြဲရေနှင့် လော့စ်အိန်ဂျယ်လိစ်မြို့

လော့စ်အိန်ဂျယ်လိစ်မြို့ Los Angeles (L.A)သည် အမေရိကန် အနောက်ဘက် ပစိဖိတ် သမုဒ္ဒရာ ကမ်းခြေတွင် တည်ရှိသည်။ မြို့ပေါ်လူဦး ရေသည် ၂၀၁၉ ခုနှစ်စာရင်းအရ ၃ ဒသမ ၉ သန်းရှိပြီး စည်ပင်သာယာ ရေးနယ်နိမိတ်လူဦးရေမှာ ၁၃ ဒသမ ၁ သန်းခန့်ရှိသည်။ မြို့အကျယ်အဝန်းသည် ၁၃၀၂ စတုရန်းကီလိုမီတာ(၅၀၂ စတုရန်း မိုင်)ခန့်ရှိသော်လည်း စည်ပင်သာယာရေးနယ်နိမိတ်မှာမူ ၁၂၅၆၁ စတု ရန်းကီလိုမီတာ (၄၈၅၀ စတုရန်းမိုင်)ခန့်ရှိသည်။

မြို့၏အနိမ့်ဆုံးနေရာမှာ ပင်လယ်ကမ်းခြေနှင့် ဆက်စပ်နေသော်လည်း မြို့ဧရိယာအများစုမှာ ပင်လယ် ရေမျက်နှာပြင်ထက် ၉၃ မီတာ(၃၀၅ ပေ) ခန့်မြင့်သည့်အတွက် ကမ္ဘာကြီးပူနွေးမှုကြောင့် ပင်လယ် ရေမျက်နှာ ပြင်မြင့်တက်မှုပြဿနာကို စိုးရိမ်စရာမရှိသောမြို့ ဖြစ်သည်။

မြို့အနီးကပ်လျက် ၁၅၄၇ မီတာ(၅ဝ၇၄ ပေ)ခန့်မြင့်သော တောင်များလည်း တည်ရှိနေသည့်အတွက် ပျမ်းမျှအပူချိန်သည် ၁၇ ဒီဂရီစင်တီ ဂရိတ်ဖြစ်နေသည်။ အအေးဆုံးလဖြစ်သည့် ဒီဇင်ဘာလတွင် ၁၀ ဒီဂရီ စင်တီဂရိတ်ထိ အပူချိန်နိမ့်ကျသည့်အတွက် ကမ္ဘာအရပ်ရပ်မှ ခရီးသွားများ အကြိုက်ဖြစ်နေသည်။

မြောက်အမေရိကတိုက် တစ်တိုက်လုံးနှင့်နှိုင်းယှဉ်ပါက တတိယအကြီး ဆုံးမြို့ဖြစ်သည်။ မက္ကဆီကို စီးတီး(Maxico City)သည် အကြီးဆုံးမြို့ဖြစ် ပြီး နယူးယောက်(New York)သည် ဒုတိယ အကြီးဆုံး မြို့ဖြစ်သည်။ ၁၇၈၁ ခုနှစ်တွင် စပိန်အောက်မှ လွတ်မြောက်လာခဲ့ပြီးနောက် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ မက္ကဆီကိုနိုင်ငံပိုင် နယ်မြေဖြစ်သည်။ ယင်းနောက်တွင် အမေရိကန်နှင့် မက္ကဆီကို ချုပ်ဆိုသည့်စာချုပ် (Treaty of Guadalupe Hidalgo)အရ အလျော်အစားပြုလုပ်ခဲ့ပြီး ကယ်လီဖိုး နီးယားပြည်နယ် (California State) တစ်ခုလုံးမှာ အမေရိကန်ပိုင်ဖြစ်ခဲ့ သည်။

၁၈၉ဝ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အမြောက်အမြားထွက်ရှိလာခဲ့ရာမှ မြို့မှာလွန်စွာ ဖွံ့ဖြိုးလာခဲ့သည်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက် ပစိဖိတ်သမုဒ္ဒရာကမ်းခြေ တွင် အလွန်အလုပ်များသော ကွန်တိန်နာ သင်္ဘောဆိပ်တစ်ခုဖြစ်လာခဲ့သည်။

ယခုအခါ နှစ်စဉ်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Gross Dome- stic Product, GDP)မှာ ကမ္ဘာ့ တတိယအမြင့်ဆုံး မြို့ဖြစ်လာခဲ့သည်။ ပထမမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ဖြစ်ပြီး ဒုတိယမှာ နယူးယောက် ဖြစ်သည်။ လော့စ်အိန်ဂျယ်လိစ်၏(GDP) သည် အမေရိကန်ဒေါ်လာ ၁ ဘီလျံ (1.0 Trillion) ထိ ကြီးမားသည်။

ရုပ်ရှင်နှင့် အနုပညာလုပ်ငန်းမြို့တော်အဖြစ် ကမ္ဘာ့အသိအမှတ်ပြု ခံထားရသည့်မြို့တော်ဖြစ်သည်။ ကမ္ဘာ့ရုပ်ရှင်လောက၏ နာမည်ကြီး ဟောလိဝုဒ်(Hollywood) သည် လော့စ်အိန်ဂျယ်လိစ်မြို့တွင် တည်ရှိနေ၍ ကမ္ဘာလှည့် ခရီးသွားများအတွက် လည်ပတ်စရာနေရာများပြားလှ သည့်ဒေသတစ်ခု ဖြစ်သည်။

ဤကဲ့သို့သော ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးမှ ထိပ်သီးမြို့ကြီးအနီးဝန်းကျင် မိုင်ဆယ်ဂဏန်းခန့်အတွင်းတွင် မြို့ကို ရေလုံလောက်စွာပေးဝေရန် ပြန်လည်ပြည့်ဖြိုးမြဲရေမှာ မြေအောက်ရေတစ်ခုသာရှိသည်။ တချို့သော မြေပေါ်ရေချိုရလမ်းများမှာလည်း မြို့အတွက် လုံလောက်မှုမရှိပေ။

မြို့ကို နေချင်စရာမြို့ဖြစ်အောင်၊ ကမ္ဘာလှည့်ခရီးသွားများဖြင့်စည် ကားသောမြို့ဖြစ်အောင် ရေချို လုံလောက်စွာ ဖန်တီးပေးနိုင်ရန်လည်း အရေးကြီးသည်။ ၂ဝ၁၅ ခုနှစ်တွင် စာရေးသူ လော့စ် အိန်ဂျယ်လိစ်မြို့ကို ရောက်ရှိခဲ့ပြီး ရေစီမံခန့်ခွဲမှုနှင့် ဓာတ်အားဖြန့်ဖြူးမှုများကို လေ့လာခဲ့သည်။ မြို့ရေချိုရရှိရေး ဆောင်ရွက်ထားမှုမှာ မြို့၏မြောက်ဘက်နှင့် အရှေ့ ဘက်တွင်ရှိသော ဒေသအသီးသီးမှ ပြန်လည်ပြည့်ဖြိုးမြဲရေချိုကို သွယ်ယူ သုံးစွဲနေခြင်းဖြစ်သည်။ Los Angeles ရေပေးဝေရေးအတွက် ရေသွယ် လမ်းသုံးမျိုးဖြင့် သွယ်ယူသည်-

-ပထမလမ်းမှာ California Aqueducts

-ဒုတိယလမ်းမှာ Los Angeles Aqueducts

-တတိယလမ်းမှာ Colorado River Diversion တို့ဖြစ်သည်။ ပထမရေသွယ်လမ်း California Aqueducts မှာ မြောက်ဘက် အလွန်ဝေးကွာသော စကာရာမန်းတိုးမြစ်(Sacramento River) မှ ရေကို အဆင့်ဆင့်သွယ်ယူလာခြင်းဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။