တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်   မေ   ၂၇

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မေလ ၂၁ ရက်တွင် ချောက်မြို့၊ ချောက်ရေနံမြေ၌  တရားမဝင်ရေနံစိမ်းဂါလန်(၃၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀)ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာလမ်းဆုံ၌ လိုင်စင်မဲ့ Luojia 125 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင် အခြားသစ် (၂ ဒသမ ၅၃၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၉၅၀၆)ကို သစ်တောဥပဒေအရလည်း ကောင်း၊ မေလ ၂၂ ရက်တွင် သရက်ခရိုင် ကံမမြို့နယ်၌ တရားမဝင် အခြားသစ် (၁ ဒသမ ၁၆၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၅၀၂၁)ကို သစ်တောဥပဒေအရလည်းကောင်း၊ မေလ ၂၄ ရက်တွင်  အောင်လံမြို့နယ် ဘွက်ကြီး တံတားစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Taryan Wave 110 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၀၀၀)နှင့် ဧရာဝတီတံတား(မကွေး) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း ကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၂၄၅၂၇)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မေလ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(၃ ဒသမ ၀၀၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉၅၉၃၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သံဖြူဇရပ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Deedo လိမ္မော်အချိုရည်ဘူး(၃၆၀၀)၊ ပုစွန်နှစ်ကောင်စားအုန်းဆီ (၁)လီတာပါ ဘူး(၁၂၀၀) အပါအဝင်  ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၈၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် TT Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို    အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၆၇၅၉၃၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေလ ၂၁ ရက်၊ ၂၂ ရက်၊ ၂၄ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၀၀၀၄၅၇)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။     

(သတင်းစဉ်)

Dates: 
Tuesday, September 17, 2024 - 05:00