နေပြည်တော် ၊ ဒီဇင်ဘာ - ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက် နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ညောင်ဝိကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၁၀ မိုင်ခန့်အကွာ၌ အလျား ၂၄ ပေ၊ အနံ ၄ ပေ၊ ရေစူး ၂ ပေခန့်ရှိ လှေတစ်စီးပေါ်မှ အမျိုးသား ၂ ဦးကို WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ ပြား၊ အစိမ်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅ ပြား(စုစုပေါင်းမူးယစ်ဆေးဝါးခန့်မှန်း တန်ဖိုးငွေကျပ် ၄ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ လှေနှင့် မူးယစ်ဆေးဝါးများအား ကော့သောင်းမြို့၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။