အမ်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂
    
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ရှိ အမ်းတောင်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
    
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ် သည်။ ယင်းနောက် အမ်းတပ်နယ်ရှိ စစ်မှုထမ်းဟောင်းအိမ်ရာတွင် နေထိုင်လျက်ရှိသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက် တွေ့ဆုံပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။