အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်ခြင်းများဖြစ်ပေါ်နိုင်

 

အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်ခြင်းများဖြစ်ပေါ်နိုင်

 

နေပြည်တော် စက်တင်ဘာ ၁၆ ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်း ထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသ များတွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက် သို့ ဖြည်းညင်းစွာရွေ့လျားခဲ့ပြီး ဆက်လက် တည်ရှိနေသည်။

အဆိုပါအားကောင်းသောမုန်တိုင်းငယ် သည် အနောက်-အနောက်မြောက်ဘက် သို့ ဖြည်းညင်းစွာရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်(Depression) အဖြစ်သို့အားလျော့သွားနိုင်ကာ နောက် ၃၆ နာရီအတွင်း အိန္ဒိယနိုင်ငံ ကုန်းတွင်း ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ နောက် ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး မိုးသည်း ထန်ခြင်းများဖြစ်ပေါ်နိုင်သည်။ ကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင် အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်သည်။ သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်း ငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြို ခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်း ရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
(မိုး/ဇလ)

 

Dates: 
Tuesday, September 17, 2024 - 08:42