တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားသော ရာဂိတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ် ခံစားရသည့် ဒေသများအတွက် အလှူရှင်များမှ အလှူငွေများ လှူဒါန်း

 

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားသော ရာဂိတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ် ခံစားရသည့် ဒေသများအတွက် အလှူရှင်များမှ အလှူငွေများ လှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၁၆

      တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂိတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်

မှုကြောင့် ရေဘေးဒဏ် ခံစားရသည့် ဒေသများအတွက်  အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အလှူငွေများ လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ  ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ဌေးနိုင်(ငြိမ်း)+ဒေါ်ဥမ္မာမြင့် မိသားစုမှ ငွေကျပ်သိန်း ၅၀ ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၄၀၀ ၊ ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၁၀၀၀ ၊ ဒေါက်တာဘုန်းမြင့် (White Hope Mental Hospital၊ Kyaing Tong Paradise Hotel)မှ ငွေကျပ်သိန်း ၁၀၀၊ ဦးဇော်မင်း+ဒေါ်ကျော့ကျော့စံ၊ သား-စိုပြေမင်းစံ၊ သော်ညီမင်းစံ(မိသားစု)မှ ငွေကျပ်သိန်း ၁၀၀ ၊ ဦးဇော်ဝင်း+ဒေါ်နွေးနွေးဝင်း(မိသားစု)မှ ငွေကျပ်သိန်း ၅၀၊Royal Myanmar Nay Pyi Taw Golf Club မှ ငွေကျပ်သိန်း ၅၀ ၊ ကျွန်ုပ်တို့တတ်စွမ်းနိုင်သလောက် လူမှုကူညီရေးအသင်း (AS BEST WE CAN)မှ ငွေကျပ် ၁၀သိန်း စုစုပေါင်း ငွေကျပ်သိန်း  ၁၇၆၀ တိတိ လှူဒါန်းခဲ့ကြသည်။

ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၊ စေတနာရှင်များက စုပေါင်းလှူဒါန်းမှု ဆန်အိတ် ၅၀၀၊ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဆန်အိတ် ၁၀၀ နှင့် ကိုသီဟ နေပြည်တော်မှ ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ရေသန့်ဘူး ၆၀၀၀၊ အေးသုခမြို့ဦးကျောင်းဆရာတော် ဦးပညာစက္က  ဦးဆောင်၍ အလှူရှင်များ(ပဲခူးတိုင်း) က ငွေကျပ်သိန်း၇၀၊ ဆန်  ၁၀ အိတ်နှင့် လူသုံးကုန်ပစ္စည်း ၅၈ အိတ်တို့ကို လာရောက်လှူဒါန်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)မှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်ဇနီး ဒေါက်တာဒေါ်အေးခိုင်ညွန့် မိသားစုမှ ပင်လောင်းကားလမ်းမကြီး တစ်လျှောက် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကြည်း၊ ရေ၊ လေ အရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၂၅၀ နှင့် သိုက်ချောင်းလမ်းဆုံမှ ပုဗ္ဗသီရိမြို့ပတ်လမ်း တစ်လျှောက် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကြည်း၊ ရေ၊ လေ အရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်း အင်အား ၂၀၀ တို့အတွက် နံနက်စာ သကြားပလာတာ ဘူး ၄၅၀ နှင့်  နေ့လယ်စာ ထမင်းဘူး ၄၅၀ ၊ အေလာမြို့ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ ၃၀၀နှင့် ဇေယျသိမ်ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ ၁၅၀ တို့အတွက် ထမင်းဘူး ၄၅၀၊ မာမီးမွန်းစတား အသင့်စားခေါက်ဆွဲထုပ် ၃၆၀၀၊ မာမီးခေါက်ဆွဲထုပ် ၁၀၈၀ ၊ အအေးဘူး ၁၅၆ ဘူး၊ Vigo အသင့်စားကွေကာအထုပ် ၁၄၄၀တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့သည်။

ထို့အတူ SKYNET Media ရွှေသံလွင် ကုမ္ပဏီမိသားစုမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် စက်တင်ဘာလ ၁၄ ရက်မှစ၍ နေ့စဉ် ထမင်းဘူး ၁၀၀၀၀ ကို နေပြည်တော်ကောင်စီသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, September 17, 2024 - 09:17