မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် နေပြည်တော်အတွင်းရှိ လမ်း၊ တံတားများ ပျက်စီးနေမှု နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် နေပြည်တော်အတွင်းရှိ လမ်း၊ တံတားများ ပျက်စီးနေမှု နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော်    စက်တင်ဘာ    ၁၆

    နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် ကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေတိုက်စားမှုကြောင့် ပြည်စံအောင်မှ   စစ်မှုထမ်းမြို့ ကွက်သစ်ကို  ဆက်သွယ်သော ဥယျာဉ်ဆင်သေချောင်းကူး တံတား ချဉ်းကပ်လမ်းနှင့် ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် လေသာကျေးရွာသို့ ဆက်သွယ်ထားသည့် လေသာ - ဇီးကုန်းတံတား ချဉ်းကပ်လမ်းများ ပျက်စီးနေမှုနှင့် မြေထိန်းနံရံများ ပြိုကျ ပျက်စီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပုဗ္ဗသီရိမြို့ သိုက်ချောင်းလမ်းတစ်လျှောက် တင်ကျန်နေသည့် နုန်းများ၊ သစ်ပင်သစ်ကိုင်းများ၊အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားပြီး သန့်ရှင်းရေး ဆောင်ရွက်နေကြသည့်  တပ်မတော်သားများကို  စားသောက် ဖွယ်ရာများနှင့် သောက်ရေသန့်များ ဝေငှပေး၍ ခါးပြတ်ရွာနှင့် ကျည်တောင်ကန် ဆက်သွယ်သည့် ကျည်တောင်ကန် ခါးပြတ်လမ်းပေါ်ရှိ Box Culvert လက်ရန်းများ၊  လမ်းပခုံးများ ရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Dates: 
Tuesday, September 17, 2024 - 09:48