၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

နေပြည်တော်     စက်တင်ဘာ     ၁၆

   ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်  အမျိုးသား အားကစားပွဲတော်   ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေးနိုင်ရေး   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့နံနက် ၉ နာရီခွဲတွင်    နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့     ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးထိန်လင်း၊   ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး   နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး  ဦးထိန်လင်းက  အမှာစကား ပြောကြားသည်။ထို့နောက် ပဉ္စမအကြိမ်  အမျိုးသား အားကစားပွဲတော်   ကျင်းပရေးဦးစီး ကော်မတီတွဲဖက် အတွင်းရေးမှူး   အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး

ချုပ် ဦးထွန်းမြင့်ဦးက မီးရှူးတိုင်ထားရှိမည့်   နေရာသတ်မှတ်ထားရှိမှု၊  မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူမည့် အစီအစဉ်နှင့် သယ်ယူမည့်လမ်းကြောင်း၊  ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင်  ပရိသတ်အင်အား လုံလောက်မှုရှိစေရေး၊   ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့်  မော်တော်ယာဉ်ဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တက်ရောက်လာကြသူများက  ၂၀၂၄  ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား   မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေး နိုင်ရေးအတွက်   မော်တော်ယာဉ်ကြို၊  ပို့ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း    ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း  သိရသည်။

Dates: 
Tuesday, September 17, 2024 - 10:48